Posts

Showing posts from January, 2021

ဘဝလမ်းကွေ့များ(အပိုင်းအစ-၁.၁)

 ဆယ်တန်းတော့အောင်ပြီ-ကျောင်းဆက်တက်ဖို့ကကောလိပ်တွေဘယ်နေ့ပြန်ဖွင့်မယ်မှန်းမသိပေမယ့်၈၈အရေးအခင်းပိတ်ပြီးပြန်ဖွင့်နေတဲ့အတန်းရာသီတွေအတိုင်းခန့်မှန်းလိုက်ရင်တော့နောက်၂နှစ်နီးလောက်မှပြန်ဖွင့်ဖြစ်လောက်မယ်အမေ -သားရန်ကုန်တက်အလုပ်လေးဘာလေးသွားလုပ်နေမယ် အေးလေ-ဟိုမှာမင်းတို့အဖေမိတ်ဆွေဉီးအေးသန်းတို့စည်ပင်လမ်းတံတားမှာနေ့စား workcheck လေးဘာလေးစမ်းလုပ်ကြည့်ပေါ့ ၁၉၉၀-၉၁ဆယ်တန်း၇ာသီစာမေးပွဲအောင်စာရင်းများထွက်ပြီးစမိုးတွင်းထဲရန်ကုန်စမ်းချောင်းပန်းတနော်လမ်းအိမ်အမှတ်(၂၃)အဘိုးအိမ်တွင်နေကာစော်ဘွားကြီးကုန်းအဝေးပြေးကွင်းနဲ့ပွဲရုံစီမံကိန်းမြေစရှင်းလုပ်ငန်းခွင်သို့အင်ဂျင်နီယာ(ဂျေအီး)တပည့်နောက်လိုက်စလုပ်ခြင်းဖြင့်အသက် ၁၆နှစ်မပြည့်တပြည့်တွင်အများနှင့်ဆက်ဆံရတဲ့နေ့စားလခရအလုပ်သမားစဖြစ်သည်ပေါ့-ထိုစဉ်ကခေါင်းပေါ်ကဆံပင်ဘုတ်သိုက်နှင့်မို့ရေချိူးရ(အာလိန်ငါးဆင့်ဘုရားအနီးလမ်းဝ)တွင်ညနေစျေးဗန်းတင်ရောင်းတဲ့သရော်ကင်ပွန်းနဲ့ကာဘော်လစ်သည်ကတစ်ပတ်တစ်ခါဖောက်သည်ဖြစ်သည်။ ထိုစဉ်ကအဝေးပြေးကားဝင်းနဲ့ပွဲရုံစီမံကိန်းလုပ်မည့်နေရာက တရုတ်သုသာန်တစ်ခုရှိခဲ့တော့ဘူဒိုဇာနဲ့ထိုးမြေညှိတိုင်းလက်ရိုးတွေမှာလက်စွပ်ကွင်းလက်ကောက်ကွင်းသေးတွေရနေသံမျိူးကြားရသည်...