ဘဝလမ်းကွေ့များ(အပိုင်းအစ-၁.၁)

 ဆယ်တန်းတော့အောင်ပြီ-ကျောင်းဆက်တက်ဖို့ကကောလိပ်တွေဘယ်နေ့ပြန်ဖွင့်မယ်မှန်းမသိပေမယ့်၈၈အရေးအခင်းပိတ်ပြီးပြန်ဖွင့်နေတဲ့အတန်းရာသီတွေအတိုင်းခန့်မှန်းလိုက်ရင်တော့နောက်၂နှစ်နီးလောက်မှပြန်ဖွင့်ဖြစ်လောက်မယ်အမေ -သားရန်ကုန်တက်အလုပ်လေးဘာလေးသွားလုပ်နေမယ်

အေးလေ-ဟိုမှာမင်းတို့အဖေမိတ်ဆွေဉီးအေးသန်းတို့စည်ပင်လမ်းတံတားမှာနေ့စား workcheck လေးဘာလေးစမ်းလုပ်ကြည့်ပေါ့

၁၉၉၀-၉၁ဆယ်တန်း၇ာသီစာမေးပွဲအောင်စာရင်းများထွက်ပြီးစမိုးတွင်းထဲရန်ကုန်စမ်းချောင်းပန်းတနော်လမ်းအိမ်အမှတ်(၂၃)အဘိုးအိမ်တွင်နေကာစော်ဘွားကြီးကုန်းအဝေးပြေးကွင်းနဲ့ပွဲရုံစီမံကိန်းမြေစရှင်းလုပ်ငန်းခွင်သို့အင်ဂျင်နီယာ(ဂျေအီး)တပည့်နောက်လိုက်စလုပ်ခြင်းဖြင့်အသက် ၁၆နှစ်မပြည့်တပြည့်တွင်အများနှင့်ဆက်ဆံရတဲ့နေ့စားလခရအလုပ်သမားစဖြစ်သည်ပေါ့-ထိုစဉ်ကခေါင်းပေါ်ကဆံပင်ဘုတ်သိုက်နှင့်မို့ရေချိူးရ(အာလိန်ငါးဆင့်ဘုရားအနီးလမ်းဝ)တွင်ညနေစျေးဗန်းတင်ရောင်းတဲ့သရော်ကင်ပွန်းနဲ့ကာဘော်လစ်သည်ကတစ်ပတ်တစ်ခါဖောက်သည်ဖြစ်သည်။

ထိုစဉ်ကအဝေးပြေးကားဝင်းနဲ့ပွဲရုံစီမံကိန်းလုပ်မည့်နေရာက တရုတ်သုသာန်တစ်ခုရှိခဲ့တော့ဘူဒိုဇာနဲ့ထိုးမြေညှိတိုင်းလက်ရိုးတွေမှာလက်စွပ်ကွင်းလက်ကောက်ကွင်းသေးတွေရနေသံမျိူးကြားရသည်။

တနေ့တနေ့ဆိုဒ်ထဲသို့လာတဲ့ မြေကြီးကားတွေကိုကားအတိုင်းအတာနဲ့ကျင်းဖွဲ့မြှောက်မှတ်စာရင်းလုပ်ရတဲ့အလုပ်စစ်မို့တစ်ပတ်တခါအဆိုပါမြေသယ်ကန်ထရိုက်တွေတည်ခင်းတဲ့ညစာများနဲ့ပနံရတတ်သည်။လခကတစ်လမှထောင်ကျော်ရုံပေမယ့်ထိုကန်ထရိုက်တွေမုန့်ဖိုးပေးတာနဲ့ဘာနဲ့စုလိုက်ရင်အမေ့ပြန်ပို့နိုင်သည်မို့ပထမဆုံးဝန်ထမ်းဘဝကစိတ်ပျော်စရာကောင်းသည်။

ထိုစီမံကိန်းကိုစည်ပင်လမ်းနဲ့တံတားကကိုင်သည်မို့ပြည်လမ်းပြုပြင်ရေးထဲလည်းအဆက်အစပ်သဘောရှိတော့စော်ဘွားကြီးကုန်းကနေမ င်္ဂလာဒုံဘက်လမ်းခင်းတဲ့အဖွဲ့နဲ့လိုက်ကူတတ်တာမျိူးလည်းရှိသည်

တစ်ရက်တော့အဆိုပါမ င်္ဂလာဒုံဘက်နားပြည်လမ်းမဘေးကားအဝင်အထွက်လမ်းလေးတစ်ခုကိုဌာနချင်းအကူအညီတောင်းလို့ဆရာတွေကလုပ်ပေးရာကြီးကြပ်နေစဉ် ထိုအိမ်နေဗိုလ်မှုုးကြီးထွန်းရီ(ဆေးတပ်)ကမင်းဆယ်တန်းအောင်တာအမှတ်ဘယ်လောက်ရသလဲလို့မေးသည်။

သုံးဘာသာထွက်ပြီးအရင်နှစ်တွေကသတ်မှတ်ခဲ့တဲ့ ဆေးတက္ကသိုလ်ဝင်နိုင်တဲ့အမှတ်မျိူးရထားတယ်လို့သူသိတော့ခုကိုငါတို့ကစစ်ဗိုလ်ကောဆရာဝန်ကောနှစ်ဘွဲ့တစ်ခါတည်းပေးမဲ့စစ်ဆေးတက္ကသိုလ်ပထမအသုတ်စခေါ်ဖို့ရှိတာမင်းအမှတ်မီအသက်မှီတော့ဝင်ဖြေလို့ပြောသည်.။ သူထောက်ခံပေးမည်ဘာညာဆိုတော့ဖြေမည်ပေါ့။

သို့နှင့်ရတခတိုင်းက ရေးဖြေအောင် ၆ယောက်ထဲအောင်ပြီးဗိုလ်ရွေးသို့လာရန်သံသေတ္တာဝယ်ဖို့ဇတ်လမ်းစတော့သည်။




ဆက်ရန်——

Comments

Popular posts from this blog

ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ