သတင်းရနံ့များနဲ့နာရီသံများ
နေသာမိုးရွာမိုးအုံ့ဘယ်လိုပဲဖြစ်ဖြစ်လှုပ်ရှားရုန်းကန်ဖြေရှင်းဆွေးနွေးစဉ်းစားသွားလာစားသောက်နေထိုင်ကြရင်းနဲ့တရက်ပြီးတရက်တလပြီးတလကခဏလေးကုန်သွားကြတာပါပဲ
မနက်မိုးလင်းအိပ်ရာထစကနေညဘက်စက်တော်ခေါ်ရာအိပ်ရာနန်းတော်ခင်းပေါ်မရောက်မချင်းကိုယ့်ပတ်ဝန်းကျင်အပြင်ကိုယ်တွေနဲ့ခပ်ဝေးဝေးနေရာဒေသအသီးသီးတွေက
နိစ္စဓူဝ စိတ်ညစ်ညူးစရာ ဆွံအဒေါသထွက်စရာ တွေ ကိုသတင်းဖန်သားပြင်ငယ် လက်ဖဝါးတွေပေါ်ကဖုန်းစခရင်တွေပေါ်တို့ထိနှိပ်မိကြည့်ရင်း ခုလိုချိန် ကိုယ်နေထိုင်ရာအနီးအနားပဒီးပဒါးတွေမလာမရှိသေးပေမဲ့ ခုညအိပ်လိုက်ပြီးသန်းခေါင်ယံအချိန်မျိူးမှာ များ မိုးပေါ်ကနေ ဝုန်းဒိုင်းကျဲပြီး ချက်ချင်းပဲ ဘုံပျောက်သွားနိုင်မလား -ဒါမှမဟုတ် နောက်တမနက် မျက်နာသစ်ချိန် အထုပ်တွေထဆွဲ ထပြေးနေကြရမလား ဘာလား - ကိုယ့်နားသာငြိမ်းအေးနေတာမျိူးမို့ - ကံကြမ္မာတို့ အနာဂတ်တို့ဆိုတာမျိုးက ကုသိုလ် အကုသိုလ်တွေပေါ် မူတည်နေတာဆိုတော့လည်း
ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ပဲမို့ ကိုယ့်ကိုယ်ကိုယ်သာအသိဆုံး--
ဝေနေတဲ့သူတွေဝေ ကြွေနေတဲ့သူတွေကြွေနဲ့ မြေ
ငယ်ငယ်တုန်းကမနက်ခင်း ရေဒီယိုတေးသံသာတွေထဲက သီချင်းသံလေးလို -- ငြိမ်းချမ်းသာယာသောနယ်မြေ xxxx ငြိမ်းချမ်းသာယာသောနယ်မြေ တွေ အမြန်ဖြစ်ကြနိုင်ပါစေ
နဒီဉီး
ဇူလိုင် ၂၂ - ၂၀၂၄
Mergui archipelago
.jpg)
Comments
Post a Comment