ကျွန်ုပ်နှင့်ကျိူက်ထိုတည 


မှတ်မှတ်ရရယခု ပရိုဝမ်း (Pro-1)ဆိုင်နေရာဖြစ်သွားတဲ့ အထက်မောင်ငံလမ်းဆုံနေရာ (ယခင်က အာရ်တီစီကားကြီးဝင်း) မှာ ကညနရုံးရှိစဉ်အခါကတည်းက အချိန်ပိုင်းအကျိူးဆောင်လုပ်ဖူးခဲ့သေးသည်။ အမှတ်၉ကျောင်းတက်စဉ် ၇တန်းလောက်ကတောင်ကြီး'ဘက်ကနေ ပြောင်းလာတဲ့အဲကညနရုံးကလူကြီးရဲ့သားဖြစ်သူထွန်းထွန်းအောင်(အခုတော့ အဆက်အသွယ်မရှိတော့) နဲ့အတန်းထဲခင်ပြီးသူ့ရုံးအိမ်လိုက်လည်ရင်းကျောင်းပိတ်ချိန်တွေမှာအဲကညနဝင်းထဲကဝန်ထမ်းအတော်များများနဲ့ခင်ပြီးလိုင်စင်လာလုပ်သူတွေကိုစာရွက်စာတမ်းကူရေးပေးရင်းနဲ့အင်ဂျင်နီယာဌာနခွဲ(ယာဉ်စစ်ဆေး)မှာခဲခြစ်ဝိုင်းခြစ်ရေးရင်းနဲ့အဲထွန်းထွန်းအောင်တို့တခြားပြည်နယ်ပြော င်းသွားလည်းကိုယ်ကနောက်လူတွေနဲ့ခင်ရင်းလုပ်ရင်းကိုင်ရင်းကျောင်းကြီးပိတ်တိုင်းမုန့်ဖိုးလည်းရသမို့ အမောင်းသင်လိုင်စင်တစ်ခု ကျပ် ၅၀ ပဲပေးရတဲ့ခေတ်ကစပြီးပွဲစားငယ်လုပ်ခဲ့ဖူးသည်ပေါ့-မှတ်မှတ်ရရ ကိုယ်အကျိူးဆောင်လိုင်စင်လုပ်ပေးခဲ့သူများထဲအမည်ရင်း ကျော်မြင့်လွင် ခေါ် အဆိုတော်ထူးအိမ်သင်တို့လည်းပါခဲ့သည်။

ရန်ကုန်မှာ‌ကျောင်းတက်တုန်းမော်လမြိုင်ကိုကြားပိတ်ရက်ခဏအလည်ပြန်ပြီး ရ-ရထားကြီး ပျော် ပျော်စီး ဆိုတဲ့ မှောင်ခိုနောက်ပိုင်းလက်ကျန် ခေတ်ကြီးထဲက အဲတုန်းက ခုလို သံလွင် မြစ်ကူးအိမ်မက်တံတားကြီးက အိမ်မက်ထဲမှာပဲရှိနေတုန်းမို့  မုတ္တမတံတားဘူတာကမ်းဘက်ကို စောဉမ္မာတို့-သံလွင်(၁/၂)တို့လို နှစ်ထပ်သင်္ဘောကြီးတွေနဲ့ဆယ်မိနစ် ဆယ်ငါးမိနစ်လောက်စီးဖြတ်ရင်း ကာတွန်းစာအုပ်ဌားဖတ်တာမျိူး-အပေါ် ထပ်

ဆလင်ခန်းနား ပက်လက်ကုလားထိုင် လုဌားရတာမျိူးကအစ- ဒီနေ့ တနင်္ဂနွေနေ့ ကြီး နော်- စျေးပိတ်တယ်-ရုံးပိတ်တယ်-ကျောင်းပိတ်တယ်-သွားမပိတ်ဖူးဆိုပြီး သူ့ဘက်လှည့်မကြည့်မနေရ ဖြစ်အောင် လူတွေစိတ်ဝင်စား အောင် လုပ်တတ်သော လက်တဖက်က စိန်ကြယ်ဘုရင်မ သွားကိုက်ပျောက်ဆေးပုလင်းကိုင်ရင်း အခြားလက်တဖက်က လည်း သူ့လွယ်အိတ်ထဲက ဘီးတချောင်းထုတ်ရင်းကဆံပင်အုန်းဆီရွှဲရွဲဗိုလ်ကေအမြဲသနေသော အသားအရောင်က အခု လျှပ်စစ်ဌာနထဲလူကြီးဖြစ်နေတဲ့ မော်လမြိုင်ဒိုင်းဝန်းကွင်းသားထက်နည်းနည်းပိုမည်းသော သွားအတော်ဖြူူတဲ့ ညီအကို တွေအဆုံး စိတ်မှတ်တမ်းထဲ တခါတခါ ပြန်တွေးတိုင်းသတိရမိပါသည်။

ခေါင်းစီးပေးထားသောကျိူက်ထိုသည်ထိုမုတ္တမဘူတာမှရန်ကုန်ကွမ်းခြံဘူတာကြီးကြားအလယ်မိုင်တိုင်ခန့်မှာရှိတဲ့ရန်ကုန်နဲ့မော်လမြိုင်ကြားခလယ်တည့်တည့်မြို့ဖြစ်သည်။ထိုမြို့မှာထိုကာလ (စစ်တောင်းတံတားကညနေ၆နာရီဆိုပိတ်တဲ့ကာလ) တစ်ညတည်းခိုခဲ့ရသောအဖြစ်အပျက်လေးပြန်သတိရလို့ -မှတ်တမ်းတင်ရေးတာဖြစ်သည်။

အထက်ကဆိုခဲ့သောမွန်ကညနရုံးကအသိဝန်ထမ်းတစ်ဉီးကအရေးကြီးစာတစ်အိတ်ကိုရန်ကုန်ကညနသို့လူကြုံထည့်ပေးချင်ဆိုပြီးအနှီမုတ္တမဘူတာရှိမော်လမြိုင်-ရန်ကုန်အစုန်ရထားပေါ် တက်ခါနီးမှာ‌မှတွေ့ပေး၍ကိုယ်လည်းခရီးဆောင်အိတ်ထဲထိုစာအိတ်ငယ်ကိုမထည့်ဖြစ်တော့ပဲမိမိ အကင်္ျီအိတ်ကပ်ထဲထည့်လိုက်မိတာကဇာတ်လမ်းအစ--

အတူပြန်လာတဲ့ခရီးဖော် ကျောင်းတူ သူငယ်ချင်းက ရထားထွက်လို့ ပေါင်ဘူတာလောက်မှာ အဲစာကို ခရီး‌ဆောင်အိတ်ထဲထည့်ဖို့သတိပေး‌သေးပေမဲ့ကိုယ်က ‌ကိုယ့်အိတ်ထဲလည်းဒီအတိုင်းရှိနေဆဲမို့ အရေးမကြီးလို့ယူဆလိုက်တာ ထမင်းစားဖို့ ရွှေမျက်မှန်ထမင်းပေါင်းဝယ်ရတဲ့ နှင်းပုလဲဘူတာ အထွက်မှာမှားမှန်းသိလိုက်သည်

နှင်းပုလဲမှာထမင်းဆွဲပြီးဆီပေလက်တွေကိုရထားပြတင်းဝကနေ ခေါင်းလေးပြူပြီးရေဗူးထဲကရေနဲ့ဆေးချိန်

လေအတိုက်အိတ်ကပ်ထဲက လူကြုံပါးလာတဲ့ထိုကညနရုံးစာအိတ်ငယ်က ဖတ်ကနဲ့ရထားပြတင်းပေါက်ကနေ လွင့်ထွက်ကျသွားတော့သည်---သွားလေပြီပေါ့-- ဒါပေမဲ့ ‌မုတ္တမကနေ ရန်ကုန်ကို နောက်ရထားတစ်စင်းလာဖို့ရှိသေးသမို့ အဲရထားနဲ့ငါဆက်လိုက်လာမယ်-မင်းသွားနှင့်သူငယ်ချင်းဆိုပြီး------

အဲသလိုနဲ့ ရှေ့ဘူတာငယ်မှာရထားရပ်တော့ဆင်းပြီးရန်ကုန်ဘက်ကနေ crossing လာတဲ့ အဆန်ရထားနဲ့ပဲအဲထမင်းဆွဲခဲ့တဲ့ နှင်းပုလဲဘူတာငယ်ဆီ အဖော်ပါလာတဲ့ သူငယ်ချင်းကို အထုပ်တွေအပ်ပြီး အဝတ်တထည်ကိုယ်တခုနဲ့ လောလောလောလော ပြန်လိုက်လာရတော့ သည်။

ခက်တာက ထိုစာအိတ်ငယ်ထဲကိုယ်က ရုံးစာပဲထင်ထားပြီး လူကြုံပေးလိုက်တဲ့သူကလည်းအရေးကြီးတယ်ပဲပြောထားသမို့ ကိုယ့်အပြစ်ကင်းဖို့အရေးပြန်ရလိုရငြား ရထားပြတင်းကနေလေတိုက်လွင့်တဲ့ နေရာနားမှာထန်းသုံးပင်ခနောက်ဆိုင်နေတာလေးမှတ်ထားရင်းနဲ့ ငါ အဲနှင်းပုလဲဘူတာကနေ ရထားလမ်းတလျှောက်လမ်းလျှောက်ရှာရင်တွေ့မှာဆိုတဲ့ ယုံကြည်ချက်ကြောင့်လည်း အဆန်ရထားနဲ့ပြန်ပါလာခြင်းဖြစ်သည်၊---

နှင်းပုလဲဘူတာပြန်ရောက်တော့ရထားဘူတာရုံပိုင်ကြီးကိုအကျိူးအကြောင်းပြောပြပြီး အဲနားကိုကျနော်ပြန်သွားရှာမယ်ဆိုတော့ အဲအချိန်ရထားလမ်းလုံခြုံရေးအနေအထားအရ ပြည်သူ့စစ်တစ်ယောက်ကို ဂျီသရီးရိုင်ဖယ်တကားကားနဲ့ထည့်ပေးလိုက်တော့ သူနဲ့ကိုယ်စကားတပြောပြောလျှောက်တာ နာရီဝက်သာသာမှထိုထန်းပင်တွေဆီရောက်သည်၊ ကံအားလျှော်စွာ စာအိတ်လေးပြန်ရသည်- ပွင့်လျှက်သားလေးမို့အထဲမတော့

အဲခေတ်ကဖလင်ကင်မရာနဲ့ရိုက်ထားသောဓါတ်ပုံတွေဖြစ်နေတာသတိထားမိလိုက်သည်-ပြန်ရတော့ ကိုယ်က ‌ရှေ့ဆက်လျှောက်ရင်နောက်တဘူတာကိုလှမ်းမြင်နေရပြီမို့ အတူလိုက်လာသောပြည်သူ့စစ်ကို အကိုကြီးကျနော် ဆက်လျှောက်သွားပြီးအဲဘူတာကနေ မော်လမြိုင်ဘက်ကနောက်ထပ်လာတောမဲ့ ဒုတိယရထားကြီးနဲ့ရန်ကုန်ကိုဆက်လိုက်သွားတော့မယ်ဆိုတာမရပါတဲ့- အဲရှေ့နားကရထားလမ်းကူးတံတားငယ်အထိပဲသူတို့နယ်မြေတဲ့ရုံပိုင်ကြီးကစာရရင်နှင်းပုလဲပဲပြန်လျှောက်ဖို့မှာလိုက်ပါသတဲ့-- ‌ဆက်သွားရင် ခုကာလက အဲရထားလမ်းဘေးလူစိမ်းတွေ့ရင်ပစ်မိန့်ပေးထားလို့ မရပါညီလေးတဲ့--သေသေဆရာပေါ့-

မတတ်နိုင်ဘူးလေ-အဲလိုနဲ့ အဲစာအိတ်ကောက်တွေ့ရာကနေ နှင်းပုလဲဘူတာဆီပြန်အလာ နှင်းပုလဲဘူတာနားမရောက်တရောက်နှင်းပုလဲကနေ ဘော်-ဘူး-ဘော်ဆိုပြီး ထွက်လာတဲ့ ဒုတိယရထားကြီးအသံက ကိုယ့်ကိုဆွံအ

သွားစေခဲ့တယ်--ရထားမမှီပဲ ‌ငေးကျန်ခဲ့ရတဲ့အရသာလောက် ဖီးလ်ဖြစ်တာမျိူးကခံစားဖူးမှသိကြတာမို့ရေးပြမတတ်တော့။


ဒီလိုနဲ့ပဲနှင်းပုလဲဘူတာပြန်ရောက်-အဲကနေ ဘီးလင်းကိုဆိုက်ကားဌားသွားပြီးအဝေး‌ပြေးကားလမ်းမကြီးရောက်ရင် ရန်ကုန်ဘက်သွားတဲ့ကားကြုံစီးခရီးဆက်မဟဲ့လို့တွေးရင်းဆိုက်ကားခလည်းရှင်းရော သတိထားမိတာက ကိုယ့်ပိုက်ဆံအိတ်ကအိတ်ထောင်ထဲကလက်ကျန် ရာဂဏန်း ပဲရှိနေတာပါပဲ-ဒါတောင်စောနက အဖော် လိုက်ပေးတဲ့ပြည်သူ့စစ်ဉီးလေးကြီးကို ဆေးလိပ်ဖိုး 200 ထုတ်ပေးတုန်းကသတိမထားမိခဲ့-ခုတော့ ခရီးဆောင်အိတ်ထဲကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကိုလွမ်းပြန်ပေါ့

ကားလမ်းမကြီးထဲလာသမျှကားတွေထဲက ဖားအံဘက်က ဝဉ အိတ်တွေ တင်လာတဲ့ဘီအမ်ဟီးနိုးတစ်စီးကကိုယ့်သနားပြီးတင်ခေါ်လို့ ကျိုက်ထိုမြို့ကိုညနေစောင်းရောက်တော့ ည ၆နာရီနဲ့မနက် ၆နာရီကြားသွားမရတဲ့

စစ်တောင်းတံတားကြီးက အဲဘီအမ်ဟီးနိုးကြီးစတည်းချတဲ့အိမ်နားကလမ်းပေါ်တနေရာမှာပဲ ကိုယ်တညအိပ်ဖို့အကြောင်းဖန်လာတယ်ပြောရမှာပါပဲပေါ့- အိတ်ကပ်ထဲလက်ကျန်နည်းနေတာတောင် အဲခေတ်က အိပ်တာ ဧည့်စာရင်းတိုင်ခပေးရသေးတာမှတ်မိတယ်- ညစာကမနက်ဖြတ်သန်းဖို့ချွေစာရင်းအဲ ဝဉ အိတ်တွေကြား ဘီအမ်ကားပေါ် မော်စကွီတို တဝီဝီသံနဲ့ပဲ ‌ခလော ခလော‌ပေါ့

မနက်စောကျတော့ လက်သူကြွယ်ကအရေးပေါ် ရင် ဖဲဝိုင်းကျချရှိုးတဲ့ တစ်မတ်သားလက်စွပ်လေးကို

ကျိူက်ုစျေးထဲဘယ်အပေါင်ဆိုင်စျေးရသလဲမေးရင်းကားလမ်းမကြီးဘက်လျှောက်အလာ--- ကိုယ်မှတ်မိနေတဲ့ ကုန်တင်ကားကြီးနံပါတ်တစ်ခုမြင်ကွင်းထဲပေါ်လာလို့ အားကိုးတကြီး ဒရိုင်ဘာနေရာကိုကြည့်လိုက်တာ

ကိုယ်ကညနလိုင်စင်ရုံးမှာ နှစ်တိုင်းလိုင်စင်သက်တမ်းတိုးရင် ကိုယ်အကျိူးဆောင်ပေးနေကျ ဒရိုင်ဘာအုံနာကြီးကိုလည်းမြင်ရော သူလည်းတအံတအားနဲ့ --ဟါ ငါ့ညီ လာ တက်တက် -ရန်ကုန်သွားမလို့-ဘာညာနဲ့

ကိုယ်လည်းဘယ်ရမလဲ လမ်းမှာကောင်းပေ့ညွန့်ပေ့ ‌ဆိုင်‌တွေမှာရပ်စား- နောက်ဆုံး ကိုယ့်သူငယ်ချင်းအိမ်

ရှိတဲ့ ရွှေပြည်သာဗီအိုင်ပီကွက်သစ်အထိအရောက်ပို့ခိုင်းလိုက် ရင်း --အများအကျိူး‌ဆောင်ကိုယ့်အကျိူးအောင်ပေါ့လို့


တခါက ဘဝမှာ စာအိတ်လေးတစ်အိတ်ကို ခပ်ပေါ့ပေါ့ဆဆ တွေးပြီးအိတ်ထောင်ထဲထည့်မိလိုက်တာလက်စွပ်ပါပေါင်ရမဲ့ကိန်းရောက်ခဲ့ဖူးကြောင်းကျွန်ုပ်နှင့်ကျိူက်ထိုတညတာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး Google Blog ထဲ သိမ်းရေးသည်ပေါ့။






Comments

Popular posts from this blog

ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ