စတိုရီနဲ့ပွတ်တိုက်မိခြင်း
တနေ့တနေ့ဖုန်းမိုဘိုင်းဒေတာတွေကတောက်လျှောက်အွန်ထားမိအောင်ကိုသတင်းတွေအတင်းတွေမပြတ်ဖြစ်နေရချိန်မို့သွားရင်းလာရင်းတွေ့သမျှဆုံသမျှလူတွေလက်ထဲကတကြည့်ကြည့်အပြားလေးတွေမှာလိုင်းပျောက်တဲ့နေရာတွေကလွဲ-အိပ်ချိန်တွေကလွဲရင်အွန်လိုင်းနေကြတာများသည်။ အဲ-အလုပ်ထဲအလုပ်သမားများထဲမတေ့ာနေ့ခင်းထမင်းစားချိန်မျိူးနဲ့အလုပ်သွား-အလုပ်ပြန်ချိန်များပဲအပြားပွတ်ကြတာသတိထားမိသည်။
မြို့တက်ချိန်မျိူးလမ်းဘေးလဘက်ရည်ဆိုင်ထဲတွေဆိုအရင်ကနေ့စဉ်ထုတ်သတင်းစာရွက်ဂျာနယ်အရွက်လက်ထဲတကားကားအစားအပြားတွေကအစားထိုးနေရာယူလာကြတာနှစ်နဲ့ချီလာပြီလို့ပြောလို့ရသည်။မိတ်ဆွေတွေ့ချိန်မျိူးကလက်ထဲကအပြားကိုခဏနားရင်းပြောဆိုကြတာပဲအရသာပိုရှိနိုင်လို့အမြဲကိုယ့် ဘက်စသတိထားနားရင်းသူတို့ဘာသာပွတ်သပ်နေလည်းသူတို့မျက်နှာကိုမကြည့်ပဲပြောတတ်အောင်လည်းစိတ်ထဲထည့်နေတတ်နေရသည်။ respect တို့ etiquette တို့ထားရှိပေးရသည့်လူ့လောကထုံးတမ်းကို သတိမပြတ်နေတာလည်းအရသာတမျိူးရှိတာကိုး။
လိုရင်းချုုံပြောရရင်ဖုန်းမိုဘိုင်းဒေတာတွေကိုဖွင့်လျက်နဲ့ပဲဘော င်းဘီအိတ်တို့အကျီင်္အိတ်ထောင်တွေထဲထည့်မိပြုမိကြတဲ့သူတွေများလာသည်ကိုဆိုလိုခြင်းပင်။
အွန်လိုင်းသုံးကြရင်းတွေ့တဲ့ပုံစာလှလှလေးတွေကအစဗဟုသုတမှတ်စရာအဆုံးကိုယ်ဖုန်းမမ်မိုရီတွေထဲဒေါင်းသိမ်းတတ်ကြတာလည်းဖုန်းတခါဝယ်ရင်မမ်မိုရီဘယ်နှစ်ဂစ်ဘ်ရှိပါ့ဆိုပြီးတစ်ယောက်နဲ့တစ်ယောက်စပ်စုမေးမြန်းချင်စရာခေတ်တစ်ခုလည်းအစပျိူးနေတာအမှန်အကန်ဖြစ်သည်၊ ဟိုဟာလေးလည်းကောင်း-ဒီဟာလေးလည်းမှတ်ထားချင်နဲ့ ပြန်ထုတ်ကြည့်စရာ သက်သေသာဓကတွေပြစရာ မှတ်တမ်းထားစရာများတဲ့ခေတ်ကိုး။ တခါတခါပြန်ဖျက်မိရင်တောင် ပုံတွေပြန်ယူရတဲ့ဆော့ ဖ် ဝဲတွေတောင်သုံးနေကြတဲ့ခေတ်၊
အဲလိုလိုင်းဖွင့်ရက်သားအိတ်ထောင်တွေထဲထည့်မိရင်းအဲလိုသိမ်းထားတဲ့ပုံတွေရှိရာဖိုတိုဂယ်လာရီထဲထပ်ထိထပ်ထိရင်းအသုံးများနေကြဖေစ့်ဘုတ်ထဲကစတိုရီတွေထဲအော်တိုရှဲမိသွားတာမျိူးကြုံဖူးကြသူအနည်းအကျဉ်းရှိကောင်းရှိနေကြတာတွေများလာလို့-ရိုးရိုးပုံတွေဆိုပြသနာမရှိပေမဲ့- အရေးကြီးမှတ်တမ်းပုံစာမျိူးဆိုရင်တော့
အဲ တစ်ရက်သာခံတဲ့ ဖေ့စ်ဘုတ်စတိုရီကနာရီနည်းနည်းကျော်သွားရင်ဘွာတေးဆိုပြီးပြန်လိုက်ဖျက်ကမရမို့
ဘီလ်လည်းသက်သာဖုန်းလည်းစက်ပူဘက်ထရီဆင်းတာမျိူးသက်သာရအောင်သတိတမံညဏ်မြေကတုပ်နဲ့လိုအပ်ချိန်မှလျှပ်စစ်မီးလိုပဲလိုင်းဖွင့်ပိတ်သုံးကြတာကောင်းပါမယ်လို့တနေ့ကမိတ်ဆွေနှစ်ယောက်သုံးယောက်ရဲ့ စတိုရီတွေထဲက သူတို့ရှဲနေကြမဟုတ်တဲ့ အမျိူးအစားမတူတဲ့ပုံစာတွေတက်လာကြတာတွေးရင်းရေးဖြစ်ပါသည်ပေါ့။

Comments
Post a Comment