ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ
ပထမတော့ သူပြောင်းလာတုန်း ကိုယ်လည်းဒီနယ်ဘက်ရောက်တုန်း - ကျောင်းနေဘက်ဌာနဆိုင်ရာအရာထမ်းသူငယ်ချင်းကိုတွေ့မယ်တွေ့မယ်နဲ့ သူတခြားကိုယ်တလမ်းဖြစ်ဖြစ်ပြီး ညနေခင်းအချိန်မကောင်းတာဘာညာနဲ့မဆုံဖြစ်သေးကြတဲ့သူငယ်ချင်းကဖုန်းနဲ့ဒီမနက်နှုတ်ဆက်သည်။
ကိုယ့်ဖုန်းထဲက ပြန်ဖြေသံက
နည်းနည်းတော့ အံအားသင့်သံပါသွားတာသူလည်းသတိထားမိမည်၊
ဒီတိုင်းဘက် ပြောင်းလာတာမှ သုံးလေးလသာသာပဲရှိသေးတာလေ-နောက်ပြီးခုချိန်ကာလ ကြီးမှာ
နိုင်ငံတော်အတွက်လုပ်ပေးနေရတာဆိုပြီးခပ်တည်ည်စီဒီမနမ်းဖက်ကြသူတွေကို အဲလိုထရန်စဖာ တွေ
သိပ်လုပ်ကြတာမှမဟုတ်တာ-မင်းတို့ဌာနကြီးကလည်း တစ်မျိူးပါလား
အေးကွာ-ခုပြောင်းလာတဲ့ ကောင်က သူ့လက်ရှိပြည်နယ်မှာ တိုက်ပွဲအဖြစ်များပြီး ဌာနဆိုင်ရာအတော် များများ နောက်ကျော မလုံ အိပ်မပျော် ကြလို့ သူ့ရာထူး တဆင့်နိမ့်ခံပြီး ငါ့နေ ရာကို အာရ်ဒကေ နဲ့ကပ်ဖားပြီး အတင်းထရန်စဖာလာတာကွာ-အရင်ကဆို အရာထမ်းသဘောထားမေးပြီးမှလုပ်ငန်းလိုအပ်ချက်အရ ထရန်စဖာကြတာ
ခုကတော့ ဌာနတိုင်း အာရ်ဒကေ တွေကပရမ်းပတာလိုနေတော့ ကွမ်းဆေးလိပ်ဖိုးလောက်နဲ့လည်း ထရန်စဖာအော် ဒါ လက်မှတ်ထိုးပေးနေကြတာများလား မသိပါဘူးကွာ-
ကိုယ့်ခံယူချက်နဲ့ကိုယ်မို့ သူ့ သဘောသူဆောင် ကြမဲ့ကာလမှာ မင်းအလုပ်ထွက်လိုက်ပါတော့ လို့ လည်း တိုက်တွန်းချင်ပေမဲ့ -- လကုန်ရင် လခ နဲ့ ခံစားခွင့် နဲ့ ဌာနအိမ်ရာ နဲ့ ခုလို စီဒီအနမ်းမခံတဲ့ အရာထမ်းကြီးသူငယ်ချင်းတွေကတော့ ငါတို့ အပြင်ထွက်လည်း ခုငါးဆယ်နီးအရွယ် နဲ့ ကုမ္မဏီအလုပ်တွေကလည်း ခေတ်မကောင်းနဲ့ ကိုယ်ပိုင်စီးပွားရေးကျ လည်းလုပ်မတတ်နဲ့ လုပ်လို့လည်းမရတဲ့ခေတ်ပျက်ကြီးနဲ့ အစစ သော
စိတ်ပျက်လက်ပျက် ရေရွတ်သံ တွေ သူ့ဆီက ပြန်မလာခင် ကိုယ့်ဘာသာ လျှာဘရိတ်အုပ်ရင်း သူဖုံးချခါနီးလေသံ ပျော့ ပျော့က မိုဘိုင်းဝါယာထရန်စဖာ ပေါ် စိတ်မကောင်းစွာနားစွင့်ယုံမှတပါး----
အဲ မငြိမ်းချမ်းတဲ့ ထရန်စဖာဒေသ မှာ ငါနေတတ်သလို မီးစင်ကြည့်က နေရဉီးမယ် တဲ့
ေတာင်မင်းကိုေမြာက်မင်းမကယ်နိုင်တဲ့ကာလမှာ
ငြိမ်းချမ်းပါ ေစ မြန်မာပြည်
Comments
Post a Comment