ခေတ်ကြီးအမြန်စနစ်ထဲရောက်ပါစေ
ဒီရက်ပိုင်းဌာနဆိုင်ရာကသူငယ်ချင်းတွေ ရာထူးတွေတိုးတက်ကြတာဖတ်နေရတွေ့နေရသည်၊ မုဒိတာပွားမိပြီးပြန်တွေးကြည့်မိတော့ခုလိုကာလဌာနဆိုင်ရာမှာရာထူးတွေတိုးယူတာကျတော့အပြည့်ပွားလို့အဆင်မပြေဖြစ်ရသည်။
တဖက်ကတွေးကြည့်လျှင်သူတို့အလုပ်ကြိူးစားလို့အထက်ကသိပြီးနေရာတိုးပေးတာတွေးသင့်ပေမဲ့အခြားတဖက်ကဆိုအပေါ်ကလူတွေလွတ်နေလို့ရှိတဲ့လူနေရာပေးသလိုထင်လို့တဖက်ကရနေပြန်သည်။
ခါတိုင်းဆိုလျှင်သူငယ်ချင်းများစုဖွဲ့ထားသောနက်ဝေါ့အုပ်စုပေ့ချ်ထဲကွန်ဂရက်ကျူးလေးရှင်းတွေတင်ပေးတာမျိူးကိုဖတ်ကနဲ့ပိုစ့်ပြင်ဆင်ပြီးပုံရွေးပြီးခါမှအုန်းလီးမီဒလိလိုက်ရတော့သည်။
လူအမျိူးမျိူးစိတ်အထွေထွေဖြစ်သည်၊တချိူ့ငယ်သူငယ်ချင်းထဲကဆိုလက်ရှိရဲသော်မသေသေသော်ငရဲမလားထိပ်ပိုင်းရာထူးတွေဖြစ်နေပြီးသူတို့အခက်အခဲနဲ့သူတို့ရှိရင်းစွဲကိုမစွန့်ခွာနိုင်ကြသည့်အကြောင်းအရင်းများစွာရှိနိုင်ပေမည်၊သူတို့နေရာကိုယ်ဆိုလျှင်လည်းငဲ့ကွက်ညှာထောက်စရာထွေလီကာလီခေါင်းကိုက်စရာတွေနဲ့ပြတ်သားရဲဖို့ကအတော်အဖြေရှာဖောက်ထွက်ချင်ဖောက်ထွက်ရပေမည်၊ လောလောဆယ် ထိုသူငယ်ချင်းအရင်းများကိုသူလည်းသက်သာကိုယ်လည်းစိတ်ခွာပြီးမျက်နှာစာအုပ်တွေကနေခဏတာစာမျက်နှာဆုတ်ဖြဲထားမိသည်။
ဒီကာလထဲ သူငယ်ချင်းတွေစုဖွဲ့ပြီးပစ်ကနစ်ဆန်ဆန်မိတ်ဆုံခရီးတိုထထွက်နေကြသူရွယ်တူများကိုလည်းမျက်နှာစာအုပ်ထဲဖတ်မိသည်။ အနယ်နယ်အရပ်ရပ်ကနေ စတေးရှောင်ရင်းဇာတိမြေတစ်နေရာမှာခဏဆုံခိုက်အားလပ်ချိန်များခိုက် ဒါမျိူးကိုပုံမှန်အခြေအနေကာလမျိူးလူစုသွားဖို့မလွယ်လို့ ကလေးတွေ ကျောင်းပိတ်ထားတုန်း အလုပ်မလုပ်ရတုန်း ခုအခွင်အရေးရတုန်းသွားကြတာမျိူးဖြစ်ပေမဲ့-ငါတို့ကသွားပြီးမီဒီယာမဖြန့်ကြေးပဲဆိုဆို အဲလိုသူငယ်ချင်းတွေနဲ့ဆုံတိုင်း ခုလိုအချိနိ မုဒ်တွေသွင်းပြီး အာရုံလည်းလာဖို့အတော်ခက်မည်ဟုသူတို့ပြန်ဆုံတာကိုမုဒိတာပွားဖို့ထက်ကိုယ်ကပါအဌားဝင်ခံစားရင်း ငါနဲ့လည်းဘာမှမဆိုင်အနေသာကြီးဟု
လူအမျိူးမျိူးစိတ်အထွေထွေမို့ကိုယ့်ခံယူချက်နဲ့ကိုယ်လမ်းကိုယ်လျှောက်နေသူများမို့ ဖြေတွေးစဉ်းစားရင်း
ခေတ်ကိုပဲတွေးခေတ်ရေးကိုမျှော်ရင်းနဲ့ #ခေတ်ကြီးအမြန်စနစ်ထဲရောက်ပါစေလို့
Comments
Post a Comment