အထီးကျန်အရင်အတိုင်း

👳👳👳💔

တစ်ယောက်တည်းနေရတာ ကိုနှစ်ခြိုက်သူပီပီ ခုအရွယ်ငါးဆယ်နီးနီးထိဖြတ်သန်းလာသမျှ

အလုပ် တွေအများစုက တစ်ယောက်တည်းနေရတာဆယ်စုနှစ်မကဇာတာပါသူပါ

တစ်ခါတစ်လေ လူအများနဲ့နေရတာကောင်းပေမဲ့ အမြဲတမ်းလူအများနဲ့နေရင် နားငြီးတာတို့ အသက်ရှုခက်နေတာတို့ လူအများကြားအစားအသောက်စားရတာစိတ်မလွတ်လပ်တာတို့လိုကရိကထသေးသေးလေးတွေနဲ့စိတ်ကဖျက်ကယက်ဖြစ်တတ်တာမို့ငယ်စဉ်ကတည်းကအလှုတို့ပွဲ လမ်းသဘင်တို့သွားရင် စိတ်ကအနေကြပ် စိတ်အိုက်တတ်လို့ သားမသွားချင်ဘူးအမေရာလို့ ရပ်ကွက်ထဲအိမ်ကိုယ်စားလွှတ်တဲ့ အလှု တွေကိုအမေစိတ်ခုစွာငြင်းတတ်ခဲ့သူပါ

တစ်ယောက်တည်းနေတစ်စိတ်တည်းထားရလို့အယူအဆတစ်ခုခု ကို ပြိုင်ငြင်းစရာမလို

အစားအသောက်တစ်ခုခုကို ဝေခွဲစားစရာမလို

အတ္တဆန်သွားတာပဲရှိမယ်-ပရဟိတလို ဘေးမထွက်ဘုပြောမခံရတာတော့ သေချာတယ်

တစ်ယောက်တည်းနေတာကြာရင်  တစ်ယူသန်သွားတာတို့ ကွန်မြူနစ်ဆန်သွားတာတို့ မဖြစ်အောင်အလုပ်ချိန် တာဝန်ချိန် တွေမှာကျ လူအများနဲ့ပြောဆိုဆက်ဆံသွားလာခြင်း‌တွေနဲ့ ပြန်အစားထိုးနေပေးရတာမျိူးတော့ ရှိပါတယ်

သေချာတာက တစ်ယောက်တည်းနေရတာ အထီးကျန်ဆန်ပေမဲ့ နေတတ်ရင် အတော် အေးချမ်းပါတယ်


၁၂-၁၂-၂၀၂၁ 

မြိတ်ကျွန်းစုတစ်နေရာ


Comments

Popular posts from this blog

ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ