ဆည်း‌လည်းလေးများ ---သစ်ရိပ်မှာစွန့်လွှတ်မှုနဲ့ခွင့်လွှတ်စဉ်ငြိမ်းအေးသွားလိမ့်မယ်တဲ့------

ဆည်းလည်းလှိုက်သံ တေးထဲက တပိုင်းတစ တေးသွားမစုံ့တစုံလေးပေါ့ 





ဆယ်တန်း‌ဝန်းကျင်တုန်းက အရမ်းနှစ်သက်ခဲ့ တဲ့ 
ကြို့ကုန်းစက်မှုတက္ကသိုလ်တစ်ပိုင်းတစ်စကျောင်းထွက်ကြီး ကိုခင်မောင်တိုး(ကိုတိုးကြီး)ရဲ့ လွမ်းသဲ့သဲ့အဆွဲအရှိုက်တွေကြား အမ်ပလီဖိုင်ယာခပ်တောင့်တောင့် ဆောင်းဘောက်စ်ကြီးကြီး နဲ့ ထုနေတဲ့လဘက်ရည်ဆိုင်မျိူးကို တကူးတက စက်ဘီးလေးနင်းရင်း ထိုင်စရာအတန်းတူ ကျောင်းမတူ ကျူရှင်ကသူငယ်ချင်းတွေ ထဲက အဆင်သင့်သူနဲ့ ထိုင်နားထောင်ရတာ အရမ်းဖီးလ်ခဲ့တာပေါ့ ---စာသားတွေက အဲတုန်းကဆယ်ကျော်််််််သက်တစ်ယောက်အတွက် နားလည်ယူဖို့ အတော််ကြိူးစားမိပေမဲ့ လုံးစေ့ပတ်စေ့ မခံစားဖူးခဲ့တာအမှန်

အဲ ဆယ်တန်းကျော် နောက်ပိုင်းရန်ကုန်တက် မြို့ပြလောကထဲတိုးဝင်လှုပ်ရှားသွားပြီးအချိန်အရွယ် တွေ ဖြတ်သန်းရင်ဆိုင်ခဲ့ပြီးတာတောင်ခုလို ငါးဆယ်နီးအရွယ်အထိ တချိူ့သီချင်းစာသားမျိူးတွေကို အဓိပ္ပါယ်ဖော််််််မတတ်‌ သေးတာ ကိုယ့်ရွယ်တူခေတ်ပြိုင်တွေ အရှေ့မှာဆို ဝန်ခံချင်နေပါသေး

သူ့သီချင်းတွေထဲက တချိူ့စာသားအလုံးတွေက တခြားအဆိုတော် စာသားတွေထဲကလို အလင်္ကာမြောက်တာ မမြောက်တာထက် ဆက်စပ်ခံစားဖွယ်တပုံတပင်ခေတ်မကုန်နိုင်အောင်ဆန့်တွေးယူလို့ရသေး

ဉပမာ-ကိုထီးရဲ့ သခင့်ဆီအပြေးပြန်လာမည် သီချင်းထဲ က ပခြုပ်ဆိုင်ပြတင်းကိုမလို့ကြည့်လိုက်ရင် --အပိုဒ်ဆို 

ပခြုပ်ဆိုင်က ဟိုနေရာမှန်း ကာလတစ်ခုကြာအထိမသိခဲ့ရိုးအမှန်-ဒီအတိုင်းခံစားနားဆင်ရင်း လူကြီးပိုင်းရောက်လို့စပ်စုတီးခေါက်ကြည့်မှ သိခဲ့တာမျိူးက တစ်မျိူးခံစားလို့ရသေးသည်

ဘာမှန်းမသိ ပြတင်းမကြည့်လိုက်တာမျိူး--ဒါက ကိုထီး (စိုင်းထီဆိုင်)တေးရေးသူက ဆရာစိုင်းခမ်းလိတ် တစ်ဉီးတည်းများသည်။

ကိုတိုးကြီး သီချင်းစာသားရေးသူတွေထဲက ခံစားချက်ကိုအရမ်းဖွဲ့လွန်းသူ တွေစုဖွဲ့ထားသလားထင်ရအောင်ကို 

ခုလိုအရွယ်ထိ လိုက်‌ တွေး ခံစားလို့မကုန်နိုင်သေး

Comments

Popular posts from this blog

ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ