Posts

Showing posts from October, 2022
Image
#သီတင်းကျွတ်သံစဉ် မရေရာတဲ့အနာဂတ်တွေကိုအိတ်နဲ့အသင့်ပြင်ထုတ်ထားရင်း အာရုံမသာယာတဲ့ပိတ်ရက်ရှည်မှာ ဘုရားဖူးခရီးတွေမထွက်ဖြစ်လည်းအားလုံးဟာ ဂေါတမဗုဒ္ဓကိုတည်နေရာ‌ရွေးပြီး အာရုံသွားပြုနေကြတာပါပဲ++++++ မသေချာခြင်းတွေသာရေရာနေတဲ့မြေထဲ သပ်ရပ်တဲ့အနာဂတ်တွေကိုရင်ဘတ်ထဲသိမ်းထားကြရင်း ညနေကောင်းကင်ထဲမီးရှုးမီးပန်းကျည်ရောင်စုံမစဲ ဖောက်ကနဲ့မြည်သံတွေ မမြင်မကြားရလည်း ရင်ဘတ်ထဲမတော့ ညနေစာမနက်စာတွေအတွက် သောက တွေ ဝုန်းဒိုင်းကျဲသူကကျဲ+++ သူများတကာအိတ်ကပ်ထဲက အသပြာလက်ကျန်တွေကို တတိတိညှို့ယူဖို့ လောဘ တွေ ဝုန်းဒိုင်းကျဲသူတွေကကျဲ++ ခပ်တည်တည်နဲ့ပဲကမ္ဘာမပျက်ကြသလို ညညနေတွေမှာ ယစ်ရည်နဲ့ပခြုပ်ဆိုင်ငယ် ~စိတ်ကြွတေးသံစုံဆလိုက်ရောင်စုံခန်းမထဲကသျှီသျားအငွေ့တွေထဲမောဟ တွေ ဒုံးဒိုင်းကျဲသူတွေကကျဲလို့+++ လူကြီးမိဘတွေကိုကန်တော့ကြနဲ့ အာဝါဟဝိဝါဟပြုဖို့တာစူကြနဲ့ မွေးရပ်ပြန်မိသားစုဆုံကြနဲ့ကလွဲ ကီးချော်‌နေတဲ့သံစဉ်တွေနဲ့ ဒီသီတင်းကျွတ်က အများအားဖြင့်ဆိတ်ငြိမ်တယ်