#သီတင်းကျွတ်သံစဉ်

မရေရာတဲ့အနာဂတ်တွေကိုအိတ်နဲ့အသင့်ပြင်ထုတ်ထားရင်း
အာရုံမသာယာတဲ့ပိတ်ရက်ရှည်မှာ
ဘုရားဖူးခရီးတွေမထွက်ဖြစ်လည်းအားလုံးဟာ
ဂေါတမဗုဒ္ဓကိုတည်နေရာ‌ရွေးပြီး
အာရုံသွားပြုနေကြတာပါပဲ++++++
မသေချာခြင်းတွေသာရေရာနေတဲ့မြေထဲ
သပ်ရပ်တဲ့အနာဂတ်တွေကိုရင်ဘတ်ထဲသိမ်းထားကြရင်း
ညနေကောင်းကင်ထဲမီးရှုးမီးပန်းကျည်ရောင်စုံမစဲ
ဖောက်ကနဲ့မြည်သံတွေ မမြင်မကြားရလည်း
ရင်ဘတ်ထဲမတော့ ညနေစာမနက်စာတွေအတွက်
သောက တွေ ဝုန်းဒိုင်းကျဲသူကကျဲ+++
သူများတကာအိတ်ကပ်ထဲက
အသပြာလက်ကျန်တွေကို တတိတိညှို့ယူဖို့
လောဘ တွေ ဝုန်းဒိုင်းကျဲသူတွေကကျဲ++
ခပ်တည်တည်နဲ့ပဲကမ္ဘာမပျက်ကြသလို
ညညနေတွေမှာ ယစ်ရည်နဲ့ပခြုပ်ဆိုင်ငယ် ~စိတ်ကြွတေးသံစုံဆလိုက်ရောင်စုံခန်းမထဲကသျှီသျားအငွေ့တွေထဲမောဟ တွေ ဒုံးဒိုင်းကျဲသူတွေကကျဲလို့+++
လူကြီးမိဘတွေကိုကန်တော့ကြနဲ့
အာဝါဟဝိဝါဟပြုဖို့တာစူကြနဲ့
မွေးရပ်ပြန်မိသားစုဆုံကြနဲ့ကလွဲ

ကီးချော်‌နေတဲ့သံစဉ်တွေနဲ့
ဒီသီတင်းကျွတ်က အများအားဖြင့်ဆိတ်ငြိမ်တယ်






 

Comments

Popular posts from this blog

ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ