အာပလာဆောင်း
အာပလာဆို တဲ့ စကားလုံးအသုံးအနှုန်းတခုကိုအလယ်တန်းဘဝလောက်ကမြို့မှာစကြားဖူးတာထင်သည်၊ တစ်စုံတစ်ဉီးကိုကိစ္စတခုခုခိုင်းလိုက်တိုင်းဖြစ်စေ အကြောင်းအရာတစ်ခုခုကိုစိတ်ဝင်တစားအထင်တကြီးနဲ့ စောင့်ကြည့်နားထောင်ပြီးတကယ်တမ်းမြင်ရကြားရမှ ဘာမှအရေးမပါသည်ဖြစ်စေကြုံတွေ့ရက ဒီကောင်ကအပလာပါကွာ - ဒါကြီးက အပလာ အစသဖြင့် ဗန်းစကားဆန်ဆန်သုံးကြလို့ကြားဖူးခဲ့တာဖြစ်သည်။ ဖြစ်မြောက်မှုစွမ်းရည်နည်းပါးခြင်းကို ခေါ်ဝေါ်သုံးကြတာမျိူးလည်းဖြစ်မည်။ ကောင်မလေးတစ်ယောက်မလှသည်ကိုလည်းအပလာပါကွာလို့ပြောဖူးတာကြားဖူးသည်၊ ခုကာလမျိူး ဘာမှဖြစ်ဖြစ်မြောက်မြောက် ထူးမခြားနားကာလမျိူးဖြတ်သန်းနေရသည်ကိုလည်း အပလာကာလလို့ သတ်မှတ်ချင်သည်။ တစ်နေ့တစ်နေ့ပြောင်းနိုနိုး-ဟုတ်နိုးနိး-လာနိုးနိး-ပျော်ရနိုးနိုးနဲ့ ကိန္ဒီရီ ကိန္ဒရာ မောင်နှံချောင်းခြားသွားတဲ့ နှစ်တွေလောက်အထိများဝဌ်ကြွေးကြီးကြီးတွေတစ်မြေတည်းလာစုနေကြသလိုထင်မှတ်နေရပြီ- ငိုသူတွေလည်းထွက်စရာမျက်ရည်ခမ်းနေကြသလိုမျက်ခွံတွေမို့အက်အစ်ထွက်နဲ့ မြင်ရကြားရဖတ်ရနေပြီ- အားးတင်းထားရင်း ကြမ်းကြားလေနဲ့ဘူးခါရေလည်းမအေးနိုင်ကြတော့ပြီ-ဒါမျိူးတွေက အများစုဆီမှာ ရှိနေဖြစ်နေပျက်နေကြတာ --ဒါလည်း အပလာကာလထဲက အပလာဒုက္ခသည်...