အာပလာဆောင်း

 အာပလာဆို တဲ့ စကားလုံးအသုံးအနှုန်းတခုကိုအလယ်တန်းဘဝလောက်ကမြို့မှာစကြားဖူးတာထင်သည်၊  တစ်စုံတစ်ဉီးကိုကိစ္စတခုခုခိုင်းလိုက်တိုင်းဖြစ်စေ အကြောင်းအရာတစ်ခုခုကိုစိတ်ဝင်တစားအထင်တကြီးနဲ့ စောင့်ကြည့်နားထောင်ပြီးတကယ်တမ်းမြင်ရကြားရမှ ဘာမှအရေးမပါသည်ဖြစ်စေကြုံတွေ့ရက ဒီကောင်ကအပလာပါကွာ - ဒါကြီးက အပလာ အစသဖြင့် ဗန်းစကားဆန်ဆန်သုံးကြလို့ကြားဖူးခဲ့တာဖြစ်သည်။

ဖြစ်မြောက်မှုစွမ်းရည်နည်းပါးခြင်းကို ခေါ်ဝေါ်သုံးကြတာမျိူးလည်းဖြစ်မည်။ ကောင်မလေးတစ်ယောက်မလှသည်ကိုလည်းအပလာပါကွာလို့ပြောဖူးတာကြားဖူးသည်၊ ခုကာလမျိူး ဘာမှဖြစ်ဖြစ်မြောက်မြောက် ထူးမခြားနားကာလမျိူးဖြတ်သန်းနေရသည်ကိုလည်း အပလာကာလလို့ သတ်မှတ်ချင်သည်။

တစ်နေ့တစ်နေ့ပြောင်းနိုနိုး-ဟုတ်နိုးနိး-လာနိုးနိး-ပျော်ရနိုးနိုးနဲ့ ကိန္ဒီရီ ကိန္ဒရာ မောင်နှံချောင်းခြားသွားတဲ့ နှစ်တွေလောက်အထိများဝဌ်ကြွေးကြီးကြီးတွေတစ်မြေတည်းလာစုနေကြသလိုထင်မှတ်နေရပြီ- ငိုသူတွေလည်းထွက်စရာမျက်ရည်ခမ်းနေကြသလိုမျက်ခွံတွေမို့အက်အစ်ထွက်နဲ့ မြင်ရကြားရဖတ်ရနေပြီ- အားးတင်းထားရင်း ကြမ်းကြားလေနဲ့ဘူးခါရေလည်းမအေးနိုင်ကြတော့ပြီ-ဒါမျိူးတွေက အများစုဆီမှာ ရှိနေဖြစ်နေပျက်နေကြတာ

--ဒါလည်း အပလာကာလထဲက အပလာဒုက္ခသည်တချိူ့

တစ်နေ့တစ်နေ့ ဖြစ်ပျက်နေတာတွေကသူတို့မမြင်မကြားရသလို လောကကြီးကိုခါးစောင်းတင်ပြီး ကိုဗစ်ကင်းလို့အပြင်လေထွက်ရှုကြတဲ့အပျော်မျက်နှာမျိူးတွေနဲ့ ပုံမှန်လည်ပတ်သွားလာနေကြသူတွေလည်း တစ်နေ့တစ်နေ့ ဟို ညောင်ခါးရှည်ဓါတ်မှန်ခန်း ပိုစ့်တွေထဲကလို ကားပိတ်လို့လိုရာခရီးမရောက်ကြတာ မျိူး  နားလည်ပေးကြပါလို့ ပလ္လင်ခံပြီး မမ်မိုရီဆေ့ဖ့်တာ ဘာညာ နဲ့ တပတ် မပြတ်ဖတ်ရသည်။ ဒါလည်း အပလာကာလထဲက သွားလမ်းလာလမ်းသာယာနေကြသော အပလာသုခသည်တချိူ့ - သေချာတာကတော့ သူတို့အပျော်ပို့စ်တွေရဲ့ကီးက ဟိုးအရင်သူတို့ခရီးထွက်ကြတဲ့ကီးတွေလောက် မပြင်းတာသိသာသည်။ ခပ်လျော့လျော့ သံတွေ-ဟန်ပန်တွေ ပုံမှာပေါ်သည်- တချိူ့ဆို ပုံသာတင်ရသည် အားတုံ့အားနာခပ်ဆန်ဆန် မိတ်ကပ်တွေဖုံးထားသလိုနားလည်ပေးကြပါပေါ့။ နားလည်ပေးရင်းသာကြည့်မိပါသည်။ ကိုယ့်ကုသိုလ်နဲ့ကိုယ် - သူတို့ကုသိုလ်နဲ့သူတို့ကိုးခုခံနေ-စံနေကြရသည်က ပြုသူအသစ် ဖြစ်သူအဟောင်း အကြောင်းအကျိူးတွေချည်းမို့ အားလုံးနဲ့အဆင်ပြေအောင်နေမှအဆင်ပြေမည့်ခေတ်ထဲ ရှင်သန်အောင်ကြံဖန်နေနေရသည်။ ဆိုရှယ်မီဒီယာတွေက မသုံးလည်းမဖြစ် - သုံးလည်းစိတ်ညစ် --အဲ-- စိတ်ကို တခါတခါ  ကိုယ်သုံးနေတဲ့ ဖုန်းတွေ ကွန်ပျူတာတွေလို  reset ချရင်း   နိုင်ငံခြားတိုင်းပြည်တွေမှာ ခုဆို ငွေသွင်းတက်နေရတဲ့ နည်းဖြစ်တဲ့ mindfulness base stress reduction (အမှန်က ဒါ ဗမာလို ဝိပ္ပသနာပါပဲ)လေး တစ်မနက် ဆယ့်ငါးမိနစ်လောက် ညဆယ့်ငါးမိနစ်လောက်နဲ့ ရှုသွင်း ရှုထုတ်လုပ်ပစ်ရင်း ကမ္ဘာသစ်ထဲရောက် ပျောက်ပျက်သွားတာပါပဲ။


ရာသီဉတုခန့်မှန်းသူတစ်ဉီးကတော့ နောက်လေးငါးရက်ဆို ဆောင်းတွင်းပီမည်တဲ့- လေနုအေးတိုက်မည်ပေါ့

အဲခါကျမှ မနက်လေအေးလို့လမ်းလျှောက်ရတာအဆင်ချောနိုင်မည်-ခုဒီဇင်ဘာက တကယ့်ဘုရားစူး သက်တမ်းနေသမျှထဲမှတ်မိသမျှ တခါမှ ဒီလိုဒီဇင်ဘာမကြုံဖူးခဲ့- ဆံပင်မရှိတဲ့ ခေါင်းတောင် မနက်စော ဉီးထုပ်မလို ခေါင်းစွပ်က ဝေလားဝေးဒီဇင်ဘာပဲ- ခရစ်စ်မတ်ညနဲ့ ဟက်ပီးနယူးရီးယားညတွေကျအေးရင်မဆိုးဖူးလို့

ပဲ နောက် တပတ်ထဲစောင့်ကြည့်ရမှာပဲ-- ဘာပဲဖြစ်ဖြစ် ကြုံဖူးသမျှ ဆောင်းတွေထဲ ဒီဆောင်းက အပလာပါပဲ

အပလာဆောင်း











Comments

Popular posts from this blog

ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ