unknown 2020 (၂၀၂၀ အလွန် မသိခြင်းများ)

မသိခြင်းများ


ဆုံးရှုံးမှုများကိုမတမ်းတနဲ့
အသုံးမကျမှုများကိုလွမ်းမစားနဲ့
မသိမတတ်ရင်အေးချမ်းမယ်
မတွေ့မမြင်ရရင်ငြိမ်းအေးတယ်         

ရန်သူတစ်ထောင်ပျောက်နေတယ်
ချူံခိုတိုက်ခိုက်ဖို့လိုက်ရမ်းနေသူတွေကြား
တအားနဲ့လုပ်လိုက်ပါနဲ့
မအားတဲ့ကြား
တရားမဲ့များသွားတဲ့ခေတ်ကိုငေးမောနေရတာကိုး

သေရာပါအနမ်းများကခမ်းခြောက်ကွယ်မေ့
တွေ့သေအောင်လွမ်း
ဇာတ်လမ်းတွေအတိုအရှည်ခဏထား


မဟားဒယားစခန်းသွားနေကြသူများကြား
ငါအငိုမတိတ်သေးတာသေချာတယ်

ဘယ်လိုဖြစ်ဖြစ်
နှစ်ထောင့်နှစ်ဆယ်တတိယပိုင်းအလွန်မှာ
မသိခြင်းတွေသိလာကြတော့မှာအသေအချာ။


နဒီဦး
၂၀ အောက်တိုဘာ ၂၀၁၉
Mergui City



Comments