Posts

Image
မင်းဘာမှမသိသေးပါဘူးသူငယ်ချင်းရာ လူဖြစ်ရတဲ့အချိန်မှာလူပီသတဲ့အတွေးလူပီသတဲ့အပြောလူပီသတဲ့အနေအထိုင်အပြုအမူတွေကိုကျင့်ကြံရင်း လူဖြစ်နေရတဲ့အရသာလေးကိုပီတိဖြစ်ရုန်းကန်နေတဲ့အရသာကိုသိရင်းဘ၀ရဲ့လူလတ်ပိုင်းအသက်အရွယ်ဟာအင်ဂျင်ကျချင်နေပြီ-- တစ်ခါတစ်ခါဘာကိုမှလုပ်ချင်စိတ်မရှိအောင်အရွယ်ကျနေခဲ့လည်းလက်ကျန်၀တ္တရားတာဝန်တွေကြားထဲ ဘာမှမဆိုင်တဲ့အတင်းတုတ်ဝန်းကျင်ကိုလန့်ဖြန့်စွာငဲ့ကြည့်ရင်းလေးဆယ့်ခြောက်နှစ်တန်းထဲမင်းဝင်လာတာတောင်လူ့ဘ၀ရဲ့မာယာအထွေထွေကို မင်းဘာမှမသိသေးပါဘူးသူငယ်ချင်းရာ လို့ဘေးကတစ်ယောက်ယောက်နားနားကပ်ပြီးလာလာပြောနေသယောင်ဖြစ်နေတတ်တဲ့အချိန်တွေကများလာပြီ-- အမှန်ကပတ်ဝန်းကျင်ကသူ့ဘာသာနေနေတာကိုလည်းကိုယ့်စိတ်ကငါ့များအချိန်ပြည့်သူတို့လာစောင့်ကြည့်နေတာလားဘာလားထင်ယောင်ထင်မှား(ဟယ်လိုစနေးရှင်းရောဂါဆိုလားကြားဖူးရဲ့)ကိုယ့်ဝေဒနာကိုယ်သာသိတဲ့အခိုက်အတန့်လူဖြစ်နေရတာတယ်မတန်တာလား--ထိုင်းတို့စင်ကာပူတို့အမေရိကားတို့ဂျပန်ကိုရီးယားတို့လိုလူစဉ်မီတဲ့နိုင်ငံတွေမှာဘာလို့လူသွားမဖြစ်ရတာလဲ ဘာလဲ  Buddha -ဓမ္မ-ကံ-လောက ဆိုတဲ့ အကြောင်းတရားလေးပါးကို အဲဟာတွေက ဘယ်လိုအစပြုပြီး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာဘယ်တော့မှလိုက်မ...
Image
ခဏဘ၀ ရယူလိုမှုတွေနဲ့ ရချင်နေမှုတွေကြား ရမှရပါ့မလား ခဏခဏချဉ်ခြင်းတပ် မလှမပအစဉ်နှင်းအပ် တသသ ရင်ချင်းမအပ်ခင်ထိ သူလည်းသူ့ဘာသာယုံ ကိုယ်လည်းကိုယ့်ဘာသာနုံ ဘယ်သူမှဝင်မကူကြတဲ့ခေတ် ညစ်တစ်တစ်အရောင်ကြမ်းကြမ်းတွေဝတ်      ဆစ်ဖလစ်အဆောင်ရမ်းရမ်းတွေချွတ် ရစ်ပစ်ပစ်အကောင်မှတ်တမ်းတွေစွပ်ရင်း ငြီးတော့လည်းငြီးတယ်ပြောမှာပါပဲ အကြီးကြီးတွေကြား ပြီးတော့လည်းပြီးသွားတာပါပဲ Nadioo (10:00am 05112019) Mergui City Tanintharyi Division Southern Myanmar

လေးကျွန်း

Image
နားအေးပါးအေးကျွန်း (သို့) လေးကျွန်း မြိတ်မြို့ကနေ ဂျွန်ဆင်စပိဘုတ်နဲ့ဆို မိနစ် ၄၀ သာသာစီးရင်ရောက်နိုင်တဲ့ လေးကျွန်း

ငါပြန်ခဲ့ပါပြီ --(၁၉၉၃-၂၀၀၀) Y-I-T Social Network

Image
ငါပြန်ခဲ့ပါပြီ--ငါလေပြန်ခဲ့ပြီ-ရင်မှာနားလည်ရင်း-ငါလေပြန်ခဲ့ပြီ မနေ့က လက်ရှိအလုပ်က နိုင်ပြီးသားတင်ဒါကိုဒုတိယမ္မိပြန်ပြိုင်ထားရတာအဖြေကြာနေသေးတဲ့အချိန်ဆက်ပြီးပဲ investment လုပ်ရနိုး ပြန်ဆုတ်လည်းမရသေးသမို့ public နဲ့ bosses တွေအကြား အလုပ်လုပ်ရတဲ့အခက်အခဲတင်းအားကာလတွေမှာ --- ကျောင်းသားဟောင်းအဖွဲ ့အတွက်ရေဘေးအလှုငွေကောက်တဲ့ကိစ္စတစ်ခုရဲ ့အနှောင့်အသွားမလွတ်တဲ့ပုတ်ခတ်မှုတွေအတင်းအဖျင်းတွေကြားထဲ ကိုယ့်facebook ကစခဲ့တဲ့ဇာတ်လမ်းကိုယ်ထွက်ဖို့ကြူကြည့်တာညသန်းခေါင်ထိတစ်ခါမှဖုန်းမဆက်ဖူးသူတစ်ခါမှ မက်ဆင်မဂျာဖူးသူတွေကအစ ထားလိုက်ပါ မေ့လိုက်ပါ မင်းပြန်လာခဲ့ ဘာညာ သာရကာနဲ့ လှမ်းချော့ကြတယ်။ အဲသလိုဆက်သွယ်ကြရင်း လက်ဖတ်ပေးခဲ့သူများထဲက သူငယ်ချင်းနှစ်ဦးရဲ့အိမ်ထောင်ကွဲခါနီးသတင်း တွေကြားရတော့  ဒီလိုလေးဆယ့်ငါး-ငါးဆယ်တန်းအရွယ် ကလေးတွေလည်းရှိကြသမို့ ပြန်ညှိကြပါလားကွာ ဆိုတဲ့စကားမထွက်ဖြစ်တော့ဘူး ပေါင်းစပ်လုပ်ယူပေးလို့မှမရတာကိုး-- မေဂျာတူတူ မတူတူ ကျောင်းမှာသိသိမသိသိခဲ့ ခုလို Social Network ကာလတွေမှာမှ တကယ့်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြ ဘာကြနဲ့ --ဒီ Network လေးကလည်း တန်းလန်းသံယောဇဉ်နဲ့မို့ တစ်...

စေတနာအမှား

Image
(YIT-Network မှခေတ္တနားပါဦးမယ်) ဘာရယ်မဟုတ် ကျောင်းတုန်းကသူငယ်ချင်းတွေပြန်ဆုံဖို့စိတ်ကူးနဲ့တက္ကသိုလ်ကျောင်းသားဟောင်းအသင်းသဘောလေးကိုစင်ကာပူကပြန်ရောက်ပြီးစ၂၀၁၂ကုန်လောက်ကကိုယ့်facebook acc ကနေGroup တစ်ခုထောင်ပြီးစဖွဲ့ဖြစ်တယ်-နီးစပ်ရာမေဂျာစုံလက်တို့ရင်း ဆရာကန်တော့ပွဲ ၂ခါ မိတ်ဆုံ ၆ ခါ ၇နှစ်အတွင်းလုပ်ဖြစ်ခဲ့တယ်။ ကြားထဲမှာဒီလူနှစ်ရာကျော်ဝန်းကျင်စာရင်းရှိကျောင်းသားဟောင်းအဖွဲ့ကနေ သာရေးနာရေးဘာအရေးလုပ်ရင်းအကူအညီလိုတဲ့အလှုတွေကိုဆော်ဪသူတစ်ဦးအဖြစ်နဲ့သာစီမံကိန်းတိုင်းရုံးခန်းအိပ်စားနေရတဲ့ကိုယ်ကျင်လည်လုပ်ကိုင်နေရတဲ့လျှပ်စစ်ဖြန့်ဖြူးရေးနယ်ပယ်ထဲကနေစေတနာအရင်းခံပြီးလုပ်ခဲ့ပေးတယ်။ သူငယ်ချင်းတွေရဲ ့ထူးခြားလှုပ်ရှားမှုလေးတွေကိုခွင့်မတောင်းပဲသူတို့ရယ်စေမောစေသဘောနဲ့ပုံတွေကူးတင်ဖြစ်ခဲ့တယ်။ဆိုးဆိုးရွားရွားကြီးမဖြစ်အောင်သတိထားတင်ပေးပါတယ်။မွေးနေ့ကအစဆုတွေတောင်းပေးရင်းကိုယ်ပိုင်social media အချိန်ထဲကနေကိုဖဲ့ရင်းသတိရှိရှိရေးပြောတင်ပေး-organized လုပ်ပေးခဲ့တယ်။ ၂၀၁၂ကုန်ကနေ၂၀၁၇ကုန်လောက်အထိရန်ကုန်မှာအလုပ်လုပ်နေသမို့ကြားထဲNetwork meeting ရအောင်လူစုထိုင်ဆွေးနွေးတာမျိူးလုပ်ရင်းမိတ်ဆုံတွေဆရာကန်တော့ပွဲတွေကိုဖ...

unknown 2020 (၂၀၂၀ အလွန် မသိခြင်းများ)

Image
မသိခြင်းများ ဆုံးရှုံးမှုများကိုမတမ်းတနဲ့ အသုံးမကျမှုများကိုလွမ်းမစားနဲ့ မသိမတတ်ရင်အေးချမ်းမယ် မတွေ့မမြင်ရရင်ငြိမ်းအေးတယ်          ရန်သူတစ်ထောင်ပျောက်နေတယ် ချူံခိုတိုက်ခိုက်ဖို့လိုက်ရမ်းနေသူတွေကြား တအားနဲ့လုပ်လိုက်ပါနဲ့ မအားတဲ့ကြား တရားမဲ့များသွားတဲ့ခေတ်ကိုငေးမောနေရတာကိုး သေရာပါအနမ်းများကခမ်းခြောက်ကွယ်မေ့ တွေ့သေအောင်လွမ်း ဇာတ်လမ်းတွေအတိုအရှည်ခဏထား မဟားဒယားစခန်းသွားနေကြသူများကြား ငါအငိုမတိတ်သေးတာသေချာတယ် ဘယ်လိုဖြစ်ဖြစ် နှစ်ထောင့်နှစ်ဆယ်တတိယပိုင်းအလွန်မှာ မသိခြင်းတွေသိလာကြတော့မှာအသေအချာ။ နဒီဦး ၂၀ အောက်တိုဘာ ၂၀၁၉ Mergui City

မနေတတ်ခြင်းများ

Image
လူအများနှင့်ဆက်ဆံပြောဆိုနေရတဲ့အလုပ်တွေကိုဇယ်ဆက်သလိုလွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်ကတည်းကတောက်လျှောက်လုပ်လာပေမယ့်ခုထိကိုယ့်ကိုယ်ကိုသတိထားမိတဲ့အားနည်းချက်က -------------- ကိုယ်စကားပြောမတတ်သေးဘူး စကားကိုပြေပြစ်အောင်သူတစ်ပါးစိတ်ဒဏ်ရာတစ်စမကျန်ရအောင်ကိုပြောမတတ်ခဲ့တာများတယ် ပြင်ပါတယ်-သိလို့လည်းခဏခဏပေါ့-မရတာမဟုတ်ပေမယ့်လိုအပ်နေတုန်းပဲ ၁၇ရက်မွေးသူမို့မွေးဂဏန်းရှစ်သမားဆိုတဲ့အတိုင်းကိုယ်ကစေတနာနဲ့အမြဲလုပ်ပေမယ့်အကောင်းထင်မခံရဘူး၊အတင်းပြောသူအဖြစ်-စိတ်မငြိမ်စကားပို့သူအဖြစ်အမြဲထင်မြင်ခံနေရဆဲပဲ-အဆဲလည်းမလွတ်-အသားလွတ်ကော-အသုပ်စုံကော-မုန့်ဟင်းခါးကောခဏခဏအကျွေးခံရတာများတယ်။ နေရတကာနောက်လိုက်ပဲလုပ်ခဲ့ချင်ပေမယ့်ရှေ့ကိုထွက်လုပ်ရတဲ့လူမိုက်ဌားခံဇာတာပါတယ် ခုထိအသားလွတ်အဆဲခံအဆူခံဘ၀ကို ကြာလာတော့လည်း ရှေးကခံယူခဲ့သလို ဒါဝဠ် ကြွေးလို့မခံယူဝံ့တော့ဘူး။ ကိုယ်ပြုတဲ့ကံပဲ့တင်သံကိုယ့်ထံပြန်ပြန်လာတတ်တာကတော့ အဲလို စေတနာအမှားတွေများတယ် ဒီကနေ့ကစပြီး နေတတ်သလိုနေဖို့ထက်နေတတ်အောင်ကြိူးစားပြုပြင်သွားတော့မယ် လောကမှာကိုယ့်ထမင်းလုပ်ကိုယ်စားဖို့ကိုယ့်ဘာသာမခွံ့ခင်သူများမေးပြီးမှစားရတဲ့အခါတွေလည်းရှိသမို့ --------------...