ကျွန်ုပ်နှင့်ကျိူက်ထိုတည မှတ်မှတ်ရရယခု ပရိုဝမ်း (Pro-1)ဆိုင်နေရာဖြစ်သွားတဲ့ အထက်မောင်ငံလမ်းဆုံနေရာ (ယခင်က အာရ်တီစီကားကြီးဝင်း) မှာ ကညနရုံးရှိစဉ်အခါကတည်းက အချိန်ပိုင်းအကျိူးဆောင်လုပ်ဖူးခဲ့သေးသည်။ အမှတ်၉ကျောင်းတက်စဉ် ၇တန်းလောက်ကတောင်ကြီး'ဘက်ကနေ ပြောင်းလာတဲ့အဲကညနရုံးကလူကြီးရဲ့သားဖြစ်သူထွန်းထွန်းအောင်(အခုတော့ အဆက်အသွယ်မရှိတော့) နဲ့အတန်းထဲခင်ပြီးသူ့ရုံးအိမ်လိုက်လည်ရင်းကျောင်းပိတ်ချိန်တွေမှာအဲကညနဝင်းထဲကဝန်ထမ်းအတော်များများနဲ့ခင်ပြီးလိုင်စင်လာလုပ်သူတွေကိုစာရွက်စာတမ်းကူရေးပေးရင်းနဲ့အင်ဂျင်နီယာဌာနခွဲ(ယာဉ်စစ်ဆေး)မှာခဲခြစ်ဝိုင်းခြစ်ရေးရင်းနဲ့အဲထွန်းထွန်းအောင်တို့တခြားပြည်နယ်ပြော င်းသွားလည်းကိုယ်ကနောက်လူတွေနဲ့ခင်ရင်းလုပ်ရင်းကိုင်ရင်းကျောင်းကြီးပိတ်တိုင်းမုန့်ဖိုးလည်းရသမို့ အမောင်းသင်လိုင်စင်တစ်ခု ကျပ် ၅၀ ပဲပေးရတဲ့ခေတ်ကစပြီးပွဲစားငယ်လုပ်ခဲ့ဖူးသည်ပေါ့-မှတ်မှတ်ရရ ကိုယ်အကျိူးဆောင်လိုင်စင်လုပ်ပေးခဲ့သူများထဲအမည်ရင်း ကျော်မြင့်လွင် ခေါ် အဆိုတော်ထူးအိမ်သင်တို့လည်းပါခဲ့သည်။ ရန်ကုန်မှာကျောင်းတက်တုန်းမော်လမြိုင်ကိုကြားပိတ်ရက်ခဏအလည်ပြန်ပြီး ရ-ရထားကြီး ပျော် ပျော်စီး ဆိုတဲ့ မှောင်ခိုနောက်ပိုင်းလက်က...
Popular posts from this blog
ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ
ထရန်စဖာနဲ့အာရ်ဒကေ အော် ဒါ ထပ်ထွက်လို့ ငါအရင် တာဝန်ကျဖူးခဲ့တဲ့ ပြည်နယ်ဘက်ပြန်ပြောင်းရတော့မယ် သူငယ်ချင်း- ပထမတော့ သူပြောင်းလာတုန်း ကိုယ်လည်းဒီနယ်ဘက်ရောက်တုန်း - ကျောင်းနေဘက်ဌာနဆိုင်ရာအရာထမ်းသူငယ်ချင်းကိုတွေ့မယ်တွေ့မယ်နဲ့ သူတခြားကိုယ်တလမ်းဖြစ်ဖြစ်ပြီး ညနေခင်းအချိန်မကောင်းတာဘာညာနဲ့မဆုံဖြစ်သေးကြတဲ့သူငယ်ချင်းကဖုန်းနဲ့ဒီမနက်နှုတ်ဆက်သည်။ ကိုယ့်ဖုန်းထဲက ပြန်ဖြေသံက နည်းနည်းတော့ အံအားသင့်သံပါသွားတာသူလည်းသတိထားမိမည်၊ ဒီတိုင်းဘက် ပြောင်းလာတာမှ သုံးလေးလသာသာပဲရှိသေးတာလေ-နောက်ပြီးခုချိန်ကာလ ကြီးမှာ နိုင်ငံတော်အတွက်လုပ်ပေးနေရတာဆိုပြီးခပ်တည်ည်စီဒီမနမ်းဖက်ကြသူတွေကို အဲလိုထရန်စဖာ တွေ သိပ်လုပ်ကြတာမှမဟုတ်တာ-မင်းတို့ဌာနကြီးကလည်း တစ်မျိူးပါလား အေးကွာ-ခုပြောင်းလာတဲ့ ကောင်က သူ့လက်ရှိပြည်နယ်မှာ တိုက်ပွဲအဖြစ်များပြီး ဌာနဆိုင်ရာအတော် များများ နောက်ကျော မလုံ အိပ်မပျော် ကြလို့ သူ့ရာထူး တဆင့်နိမ့်ခံပြီး ငါ့နေ ရာကို အာရ်ဒကေ နဲ့ကပ်ဖားပြီး အတင်းထရန်စဖာလာတာကွာ-အရင်ကဆို အရာထမ်းသဘောထားမေးပြီးမှလုပ်ငန်းလိုအပ်ချက်အရ ထရန်စဖာကြတာ ခုကတော့ ဌာနတိုင်း အာရ်ဒကေ တွေကပရမ်းပတာလိုနေတော့ ကွမ်းဆေးလိပ်ဖိုးလောက်နဲ့လည်း ထရန်စဖာအေ...
သတင်းရနံ့များနဲ့နာရီသံများ
နေသာမိုးရွာမိုးအုံ့ဘယ်လိုပဲဖြစ်ဖြစ်လှုပ်ရှားရုန်းကန်ဖြေရှင်းဆွေးနွေးစဉ်းစားသွားလာစားသောက်နေထိုင်ကြရင်းနဲ့တရက်ပြီးတရက်တလပြီးတလကခဏလေးကုန်သွားကြတာပါပဲ မနက်မိုးလင်းအိပ်ရာထစကနေညဘက်စက်တော်ခေါ်ရာအိပ်ရာနန်းတော်ခင်းပေါ်မရောက်မချင်းကိုယ့်ပတ်ဝန်းကျင်အပြင်ကိုယ်တွေနဲ့ခပ်ဝေးဝေးနေရာဒေသအသီးသီးတွေက နိစ္စဓူဝ စိတ်ညစ်ညူးစရာ ဆွံအဒေါသထွက်စရာ တွေ ကိုသတင်းဖန်သားပြင်ငယ် လက်ဖဝါးတွေပေါ်ကဖုန်းစခရင်တွေပေါ်တို့ထိနှိပ်မိကြည့်ရင်း ခုလိုချိန် ကိုယ်နေထိုင်ရာအနီးအနားပဒီးပဒါးတွေမလာမရှိသေးပေမဲ့ ခုညအိပ်လိုက်ပြီးသန်းခေါင်ယံအချိန်မျိူးမှာ များ မိုးပေါ်ကနေ ဝုန်းဒိုင်းကျဲပြီး ချက်ချင်းပဲ ဘုံပျောက်သွားနိုင်မလား -ဒါမှမဟုတ် နောက်တမနက် မျက်နာသစ်ချိန် အထုပ်တွေထဆွဲ ထပြေးနေကြရမလား ဘာလား - ကိုယ့်နားသာငြိမ်းအေးနေတာမျိူးမို့ - ကံကြမ္မာတို့ အနာဂတ်တို့ဆိုတာမျိုးက ကုသိုလ် အကုသိုလ်တွေပေါ် မူတည်နေတာဆိုတော့လည်း ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ပဲမို့ ကိုယ့်ကိုယ်ကိုယ်သာအသိဆုံး-- ဝေနေတဲ့သူတွေဝေ ကြွေနေတဲ့သူတွေကြွေနဲ့ မြေ ငယ်ငယ်တုန်းကမနက်ခင်း ရေဒီယိုတေးသံသာတွေထဲက သီချင်းသံလေးလို -- ငြိမ်းချမ်းသာယာသောနယ်မြေ xxxx ငြိမ်းချမ်းသာယာသောနယ်မ...
Comments
Post a Comment