မင်းဘာမှမသိသေးပါဘူးသူငယ်ချင်းရာ လူဖြစ်ရတဲ့အချိန်မှာလူပီသတဲ့အတွေးလူပီသတဲ့အပြောလူပီသတဲ့အနေအထိုင်အပြုအမူတွေကိုကျင့်ကြံရင်း လူဖြစ်နေရတဲ့အရသာလေးကိုပီတိဖြစ်ရုန်းကန်နေတဲ့အရသာကိုသိရင်းဘ၀ရဲ့လူလတ်ပိုင်းအသက်အရွယ်ဟာအင်ဂျင်ကျချင်နေပြီ-- တစ်ခါတစ်ခါဘာကိုမှလုပ်ချင်စိတ်မရှိအောင်အရွယ်ကျနေခဲ့လည်းလက်ကျန်၀တ္တရားတာဝန်တွေကြားထဲ ဘာမှမဆိုင်တဲ့အတင်းတုတ်ဝန်းကျင်ကိုလန့်ဖြန့်စွာငဲ့ကြည့်ရင်းလေးဆယ့်ခြောက်နှစ်တန်းထဲမင်းဝင်လာတာတောင်လူ့ဘ၀ရဲ့မာယာအထွေထွေကို မင်းဘာမှမသိသေးပါဘူးသူငယ်ချင်းရာ လို့ဘေးကတစ်ယောက်ယောက်နားနားကပ်ပြီးလာလာပြောနေသယောင်ဖြစ်နေတတ်တဲ့အချိန်တွေကများလာပြီ-- အမှန်ကပတ်ဝန်းကျင်ကသူ့ဘာသာနေနေတာကိုလည်းကိုယ့်စိတ်ကငါ့များအချိန်ပြည့်သူတို့လာစောင့်ကြည့်နေတာလားဘာလားထင်ယောင်ထင်မှား(ဟယ်လိုစနေးရှင်းရောဂါဆိုလားကြားဖူးရဲ့)ကိုယ့်ဝေဒနာကိုယ်သာသိတဲ့အခိုက်အတန့်လူဖြစ်နေရတာတယ်မတန်တာလား--ထိုင်းတို့စင်ကာပူတို့အမေရိကားတို့ဂျပန်ကိုရီးယားတို့လိုလူစဉ်မီတဲ့နိုင်ငံတွေမှာဘာလို့လူသွားမဖြစ်ရတာလဲ ဘာလဲ Buddha -ဓမ္မ-ကံ-လောက ဆိုတဲ့ အကြောင်းတရားလေးပါးကို အဲဟာတွေက ဘယ်လိုအစပြုပြီး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာဘယ်တော့မှလိုက်မ...