ခဏဘ၀





ရယူလိုမှုတွေနဲ့
ရချင်နေမှုတွေကြား
ရမှရပါ့မလား

ခဏခဏချဉ်ခြင်းတပ်
မလှမပအစဉ်နှင်းအပ်
တသသ ရင်ချင်းမအပ်ခင်ထိ

သူလည်းသူ့ဘာသာယုံ
ကိုယ်လည်းကိုယ့်ဘာသာနုံ
ဘယ်သူမှဝင်မကူကြတဲ့ခေတ်

ညစ်တစ်တစ်အရောင်ကြမ်းကြမ်းတွေဝတ်     
ဆစ်ဖလစ်အဆောင်ရမ်းရမ်းတွေချွတ်
ရစ်ပစ်ပစ်အကောင်မှတ်တမ်းတွေစွပ်ရင်း

ငြီးတော့လည်းငြီးတယ်ပြောမှာပါပဲ
အကြီးကြီးတွေကြား
ပြီးတော့လည်းပြီးသွားတာပါပဲ

Nadioo (10:00am 05112019)
Mergui City
Tanintharyi Division
Southern Myanmar

Comments

Popular posts from this blog

ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ