မင်းဘာမှမသိသေးပါဘူးသူငယ်ချင်းရာ
လူဖြစ်နေရတဲ့အရသာလေးကိုပီတိဖြစ်ရုန်းကန်နေတဲ့အရသာကိုသိရင်းဘ၀ရဲ့လူလတ်ပိုင်းအသက်အရွယ်ဟာအင်ဂျင်ကျချင်နေပြီ--
တစ်ခါတစ်ခါဘာကိုမှလုပ်ချင်စိတ်မရှိအောင်အရွယ်ကျနေခဲ့လည်းလက်ကျန်၀တ္တရားတာဝန်တွေကြားထဲ
ဘာမှမဆိုင်တဲ့အတင်းတုတ်ဝန်းကျင်ကိုလန့်ဖြန့်စွာငဲ့ကြည့်ရင်းလေးဆယ့်ခြောက်နှစ်တန်းထဲမင်းဝင်လာတာတောင်လူ့ဘ၀ရဲ့မာယာအထွေထွေကိုမင်းဘာမှမသိသေးပါဘူးသူငယ်ချင်းရာ လို့ဘေးကတစ်ယောက်ယောက်နားနားကပ်ပြီးလာလာပြောနေသယောင်ဖြစ်နေတတ်တဲ့အချိန်တွေကများလာပြီ--
အမှန်ကပတ်ဝန်းကျင်ကသူ့ဘာသာနေနေတာကိုလည်းကိုယ့်စိတ်ကငါ့များအချိန်ပြည့်သူတို့လာစောင့်ကြည့်နေတာလားဘာလားထင်ယောင်ထင်မှား(ဟယ်လိုစနေးရှင်းရောဂါဆိုလားကြားဖူးရဲ့)ကိုယ့်ဝေဒနာကိုယ်သာသိတဲ့အခိုက်အတန့်လူဖြစ်နေရတာတယ်မတန်တာလား--ထိုင်းတို့စင်ကာပူတို့အမေရိကားတို့ဂျပန်ကိုရီးယားတို့လိုလူစဉ်မီတဲ့နိုင်ငံတွေမှာဘာလို့လူသွားမဖြစ်ရတာလဲ ဘာလဲ Buddha -ဓမ္မ-ကံ-လောက ဆိုတဲ့ အကြောင်းတရားလေးပါးကို အဲဟာတွေက ဘယ်လိုအစပြုပြီး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာဘယ်တော့မှလိုက်မစဉ်းစားနဲ ့မင်းရူးသွားမယ်ဆိုတဲ့ ငယ်ငယ်ကရွာဦးကျောင်းဆရာတော်ကိုရင်ဝတ်စဉ်မိန့်ဖူးတာလေးမှတ်မိနေရဲ ့
ဟေ့ သူငယ်ချင်း အတိုက်အခိုက်ဆိုတာဘ၀တွေဖြစ်နေတိုင်းသမျှလူတိုင်းမှာရှိနေမှာဆိုတဲ့
သူငယ်ချင်းတွေရဲ ့အားပေးစကားနဲ့ပဲ
ကိုယ့်စိတ်ကိုယ်စစ်ရင်း
လောကကြီးကသူ့ဘာသာနေနေတာ
ကိုယ်ကကိုယ့်ဘာသာနေနေရတာ
အဲဒါ- အကျိူးအကြောင်း ကြောင့်ပဲဆိုတာ
နှလုံးသွင်းရင်း
တင်းတင်းရင်းရင်း
မနက်ဖြန်တိုင်းကို
ခေါင်းမော့ရင်ဆိုင်ရင်း
သူငယ်ချင်း မင်းဘာမှမသိသေးပါဘူးကွာလို ့
တစ်ယောက်ယောက်ကတော့
ဟားတိုက်ရီမောနေမှာ အသေအချာ။
#Nadioo
(21 Oct 2019)Monday Evening

Comments
Post a Comment