မနေတတ်ခြင်းများ


လူအများနှင့်ဆက်ဆံပြောဆိုနေရတဲ့အလုပ်တွေကိုဇယ်ဆက်သလိုလွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်ကတည်းကတောက်လျှောက်လုပ်လာပေမယ့်ခုထိကိုယ့်ကိုယ်ကိုသတိထားမိတဲ့အားနည်းချက်က
--------------
ကိုယ်စကားပြောမတတ်သေးဘူး
စကားကိုပြေပြစ်အောင်သူတစ်ပါးစိတ်ဒဏ်ရာတစ်စမကျန်ရအောင်ကိုပြောမတတ်ခဲ့တာများတယ်
ပြင်ပါတယ်-သိလို့လည်းခဏခဏပေါ့-မရတာမဟုတ်ပေမယ့်လိုအပ်နေတုန်းပဲ

၁၇ရက်မွေးသူမို့မွေးဂဏန်းရှစ်သမားဆိုတဲ့အတိုင်းကိုယ်ကစေတနာနဲ့အမြဲလုပ်ပေမယ့်အကောင်းထင်မခံရဘူး၊အတင်းပြောသူအဖြစ်-စိတ်မငြိမ်စကားပို့သူအဖြစ်အမြဲထင်မြင်ခံနေရဆဲပဲ-အဆဲလည်းမလွတ်-အသားလွတ်ကော-အသုပ်စုံကော-မုန့်ဟင်းခါးကောခဏခဏအကျွေးခံရတာများတယ်။

နေရတကာနောက်လိုက်ပဲလုပ်ခဲ့ချင်ပေမယ့်ရှေ့ကိုထွက်လုပ်ရတဲ့လူမိုက်ဌားခံဇာတာပါတယ်
ခုထိအသားလွတ်အဆဲခံအဆူခံဘ၀ကို ကြာလာတော့လည်း ရှေးကခံယူခဲ့သလို ဒါဝဠ် ကြွေးလို့မခံယူဝံ့တော့ဘူး။

ကိုယ်ပြုတဲ့ကံပဲ့တင်သံကိုယ့်ထံပြန်ပြန်လာတတ်တာကတော့ အဲလို စေတနာအမှားတွေများတယ်

ဒီကနေ့ကစပြီး နေတတ်သလိုနေဖို့ထက်နေတတ်အောင်ကြိူးစားပြုပြင်သွားတော့မယ်
လောကမှာကိုယ့်ထမင်းလုပ်ကိုယ်စားဖို့ကိုယ့်ဘာသာမခွံ့ခင်သူများမေးပြီးမှစားရတဲ့အခါတွေလည်းရှိသမို့



---------------------------------------------------
နဒီဦး
၂၀ အောက်တိုဘာ ၂၀၁၉
မြိတ်-မြန်မာပြည်တောင်ပိုင်း

Comments

Popular posts from this blog

ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ