Posts

Showing posts from December, 2021

ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ

Image
ထရန်စဖာနဲ့အာရ်ဒကေ  အော် ဒါ ထပ်ထွက်လို့ ‌ငါအရင် တာဝန်ကျဖူးခဲ့တဲ့ ပြည်နယ်ဘက်ပြန်ပြောင်းရတော့မယ် သူငယ်ချင်း- ပထမတော့ သူပြောင်းလာတုန်း ကိုယ်လည်းဒီနယ်ဘက်ရောက်တုန်း - ကျောင်းနေဘက်ဌာနဆိုင်ရာအရာထမ်းသူငယ်ချင်းကိုတွေ့မယ်တွေ့မယ်နဲ့ သူတခြားကိုယ်တလမ်းဖြစ်ဖြစ်ပြီး ညနေခင်းအချိန်မကောင်းတာဘာညာနဲ့မဆုံဖြစ်သေးကြတဲ့သူငယ်ချင်းကဖုန်းနဲ့ဒီမနက်နှုတ်ဆက်သည်။ ကိုယ့်ဖုန်းထဲက ပြန်ဖြေသံက နည်းနည်းတော့ အံအားသင့်သံပါသွားတာသူလည်းသတိထားမိမည်၊ ဒီတိုင်းဘက် ပြောင်းလာတာမှ သုံးလေးလသာသာပဲရှိသေးတာလေ-နောက်ပြီးခုချိန်ကာလ ကြီးမှာ  နိုင်ငံတော်အတွက်လုပ်ပေးနေရတာဆိုပြီးခပ်တည်ည်စီဒီမနမ်းဖက်ကြသူတွေကို အဲလိုထရန်စဖာ တွေ သိပ်လုပ်ကြတာမှမဟုတ်တာ-မင်းတို့ဌာနကြီးကလည်း တစ်မျိူးပါလား အေးကွာ-ခုပြောင်းလာတဲ့ ကောင်က သူ့လက်ရှိပြည်နယ်မှာ တိုက်ပွဲအဖြစ်များပြီး ဌာနဆိုင်ရာအတော် များများ နောက်ကျော မလုံ အိပ်မပျော် ကြလို့ သူ့ရာထူး တဆင့်နိမ့်ခံပြီး ငါ့နေ ရာကို အာရ်ဒကေ နဲ့ကပ်ဖားပြီး အတင်းထရန်စဖာလာတာကွာ-အရင်ကဆို အရာထမ်းသဘောထားမေးပြီးမှလုပ်ငန်းလိုအပ်ချက်အရ ထရန်စဖာကြတာ ခုကတော့ ဌာနတိုင်း အာရ်ဒကေ တွေကပရမ်းပတာလိုနေတော့ ကွမ်းဆေးလိပ်ဖိုးလောက်နဲ့လည်း ထရန်စဖာအေ...
Image
ခေတ်ကြီးအမြန်စနစ်ထဲရောက်ပါစေ ဒီရက်ပိုင်းဌာနဆိုင်ရာကသူငယ်ချင်းတွေ  ရာထူးတွေတိုးတက်ကြတာဖတ်နေရတွေ့နေရသည်၊ မုဒိတာပွားမိပြီးပြန်တွေးကြည့်မိတော့ခုလိုကာလဌာနဆိုင်ရာမှာရာထူးတွေတိုးယူတာကျတော့အပြည့်ပွားလို့အဆင်မပြေဖြစ်ရသည်။ တဖက်ကတွေးကြည့်လျှင်သူတို့အလုပ်ကြိူးစားလို့အထက်ကသိပြီးနေရာတိုးပေးတာတွေးသင့်ပေမဲ့အခြားတဖက်ကဆိုအပေါ်ကလူတွေလွတ်နေလို့ရှိတဲ့လူနေရာပေးသလိုထင်လို့တဖက်ကရနေပြန်သည်။ ခါတိုင်းဆိုလျှင်သူငယ်ချင်းများစုဖွဲ့ထားသောနက်ဝေါ့အုပ်စုပေ့ချ်ထဲကွန်ဂရက်ကျူးလေးရှင်းတွေတင်ပေးတာမျိူးကိုဖတ်ကနဲ့ပိုစ့်ပြင်ဆင်ပြီးပုံရွေးပြီးခါမှအုန်းလီးမီဒလိလိုက်ရတော့သည်။ လူအမျိူးမျိူးစိတ်အထွေထွေဖြစ်သည်၊တချိူ့ငယ်သူငယ်ချင်းထဲကဆိုလက်ရှိရဲသော်မသေသေသော်ငရဲမလားထိပ်ပိုင်းရာထူးတွေဖြစ်နေပြီးသူတို့အခက်အခဲနဲ့သူတို့ရှိရင်းစွဲကိုမစွန့်ခွာနိုင်ကြသည့်အကြောင်းအရင်းများစွာရှိနိုင်ပေမည်၊သူတို့နေရာကိုယ်ဆိုလျှင်လည်းငဲ့ကွက်ညှာထောက်စရာထွေလီကာလီခေါင်းကိုက်စရာတွေနဲ့ပြတ်သားရဲဖို့ကအတော်အဖြေရှာဖောက်ထွက်ချင်ဖောက်ထွက်ရပေမည်၊ လောလောဆယ် ထိုသူငယ်ချင်းအရင်းများကိုသူလည်းသက်သာကိုယ်လည်းစိတ်ခွာပြီးမျက်နှာစာအုပ်တွေကနေခဏတာစာမျက်နှာဆုတ်ဖြဲထားမိသည်။ ဒီကာလထဲ သူင...
Image
  ဆည်း‌လည်းလေးများ ---သစ်ရိပ်မှာစွန့်လွှတ်မှုနဲ့ခွင့်လွှတ်စဉ်ငြိမ်းအေးသွားလိမ့်မယ်တဲ့------ ဆည်းလည်းလှိုက်သံ တေးထဲက တပိုင်းတစ တေးသွားမစုံ့တစုံလေးပေါ့  ဆယ်တန်း‌ဝန်းကျင်တုန်းက အရမ်းနှစ်သက်ခဲ့ တဲ့  ကြို့ကုန်းစက်မှုတက္ကသိုလ်တစ်ပိုင်းတစ်စကျောင်းထွက်ကြီး ကိုခင်မောင်တိုး(ကိုတိုးကြီး)ရဲ့ လွမ်းသဲ့သဲ့အဆွဲအရှိုက်တွေကြား အမ်ပလီဖိုင်ယာခပ်တောင့်တောင့် ဆောင်းဘောက်စ်ကြီးကြီး နဲ့ ထုနေတဲ့လဘက်ရည်ဆိုင်မျိူးကို တကူးတက စက်ဘီးလေးနင်းရင်း ထိုင်စရာအတန်းတူ ကျောင်းမတူ ကျူရှင်ကသူငယ်ချင်းတွေ ထဲက အဆင်သင့်သူနဲ့ ထိုင်နားထောင်ရတာ အရမ်းဖီးလ်ခဲ့တာပေါ့ ---စာသားတွေက အဲတုန်းကဆယ်ကျော်််််််သက်တစ်ယောက်အတွက် နားလည်ယူဖို့ အတော််ကြိူးစားမိပေမဲ့ လုံးစေ့ပတ်စေ့ မခံစားဖူးခဲ့တာအမှန် အဲ ဆယ်တန်းကျော် နောက်ပိုင်းရန်ကုန်တက် မြို့ပြလောကထဲတိုးဝင်လှုပ်ရှားသွားပြီးအချိန်အရွယ် တွေ ဖြတ်သန်းရင်ဆိုင်ခဲ့ပြီးတာတောင်ခုလို ငါးဆယ်နီးအရွယ်အထိ တချိူ့သီချင်းစာသားမျိူးတွေကို အဓိပ္ပါယ်ဖော််််််မတတ်‌ သေးတာ ကိုယ့်ရွယ်တူခေတ်ပြိုင်တွေ အရှေ့မှာဆို ဝန်ခံချင်နေပါသေး သူ့သီချင်းတွေထဲက တချိူ့စာသားအလုံးတွေက တခြားအဆိုတော် စာသားတွေထဲကလို အလင်္ကာမြောက်တာ...
Image
အထီးကျန်အရင်အတိုင်း 👳👳👳💔 တစ်ယောက်တည်းနေရတာ ကိုနှစ်ခြိုက်သူပီပီ ခုအရွယ်ငါးဆယ်နီးနီးထိဖြတ်သန်းလာသမျှ အလုပ် တွေအများစုက တစ်ယောက်တည်းနေရတာဆယ်စုနှစ်မကဇာတာပါသူပါ တစ်ခါတစ်လေ လူအများနဲ့နေရတာကောင်းပေမဲ့ အမြဲတမ်းလူအများနဲ့နေရင် နားငြီးတာတို့ အသက်ရှုခက်နေတာတို့ လူအများကြားအစားအသောက်စားရတာစိတ်မလွတ်လပ်တာတို့လိုကရိကထသေးသေးလေးတွေနဲ့စိတ်ကဖျက်ကယက်ဖြစ်တတ်တာမို့ငယ်စဉ်ကတည်းကအလှုတို့ပွဲ လမ်းသဘင်တို့သွားရင် စိတ်ကအနေကြပ် စိတ်အိုက်တတ်လို့ သားမသွားချင်ဘူးအမေရာလို့ ရပ်ကွက်ထဲအိမ်ကိုယ်စားလွှတ်တဲ့ အလှု တွေကိုအမေစိတ်ခုစွာငြင်းတတ်ခဲ့သူပါ တစ်ယောက်တည်းနေတစ်စိတ်တည်းထားရလို့အယူအဆတစ်ခုခု ကို ပြိုင်ငြင်းစရာမလို အစားအသောက်တစ်ခုခုကို ဝေခွဲစားစရာမလို အတ္တဆန်သွားတာပဲရှိမယ်-ပရဟိတလို ဘေးမထွက်ဘုပြောမခံရတာတော့ သေချာတယ် တစ်ယောက်တည်းနေတာကြာရင်  တစ်ယူသန်သွားတာတို့ ကွန်မြူနစ်ဆန်သွားတာတို့ မဖြစ်အောင်အလုပ်ချိန် တာဝန်ချိန် တွေမှာကျ လူအများနဲ့ပြောဆိုဆက်ဆံသွားလာခြင်း‌တွေနဲ့ ပြန်အစားထိုးနေပေးရတာမျိူးတော့ ရှိပါတယ် သေချာတာက တစ်ယောက်တည်းနေရတာ အထီးကျန်ဆန်ပေမဲ့ နေတတ်ရင် အတော် အေးချမ်းပါတယ် ၁၂-၁၂-၂၀၂၁  မြိတ်ကျွန်းစုတစ်နေရာ