၁၈
၁၈
စဉ်းစားပြီးပြန်တွေးတိုင်းအတော်တိုင်ပတ်စရာတွေတပုံတပင်ရှိတဲ့ပတ်စရာတိုင်ကြီးတွေ၁၈တိုင်တိတိနဲ့
တစ်တန်းကိုသုံးနှစ်နေလို့ရတဲ့ရှေ့ပြေးနိမိတ်တွေနဲ့များထားသွားခဲ့လေသလားလို့ ခုတကမ္ဘာလုံးကျိန်ဆဲနေကြတဲ့
ဆိုဗီယက်ရုရှားတွေဆောက်ပေးခဲ့တဲ့ကျောင်းနေကာလများကိုအောက်မေ့သည်
ခုလိုမိုးတွေရွာတိုင်းဆိုအတော်သတိရသည်-
ကြာပြီဆိုပေမဲ့အတော်ကြာခဲ့ပြီဆိုပေမဲ့ ဆယ်စုနှစ်သုံးခုနီးပါးရှိတာတောင်မိုးတွေသည်းသည်းမည်းမည်းရွာချိန်မျိူး
L1,L2,L3,L4 အခန်းနောက်ဆုံးနားခုံတန်းတွေထဲစိတ်မပါ့တပါနားမလည့်တလည်လိုက်လံမှတ်သားချင်ယောင်ဆောင်ခဲ့ရတဲ့
မိုးသံလေသံတွေနဲ့အဆောက်အဉီးကတံခါးပိတ်ထားရင်လည်းလေဝင်လေထွက်ညံ့သလိုလိုနဲ့မို့တံခါးမကြိီးတွေဖွင့်ပြီး
စာသင်သံသဲ့သဲ့ကြားခဲ့ရသော ပျင်းရိဖွယ်ရာနေ့စွဲများ
အခန်းနောက်ကျောဘက်တယောက်ယောက်ကပခုံးလာပုတ်ပြီးကန်တင်းဘက်ဆင်းလျှောက်ထိုင်ပွားဖို့နောက်စေ့မျက်လုံးတွေ
နဲ့မျှော်တော်ယောင်နေခဲ့တဲ့ရှတတနေ့စွဲတွေ
လိုက်ဘရီရှေ့ဖြတ်လျှောက်တိုင်းဌားရက်ပြန်ရောက်တာတလကျော်ခဲ့လို့ရက်လွန်ကြေးပေးဖို့နှမျှောရင်းနောက်
မှမော်ကွန်းထိန်းရုံးလက်မှတ်ထိုးပြန်အပ်မဲ့အရသာခံစားခဲ့ရတဲ့ဘေလ်ဒင်းဝမ်းအောက်ပတောက်ပတောက်လျှောက်သွားခဲ့
တဲ့အင်္ဂတေမြည်သံစွဲနေ့စွဲများ--
ဘီအိုစီကနေလေးဆယ့်ငါးဟိုင်းလပ်စ်အားနောက်မြီးတန်းငယ်လေးနင်းစရာခြေတဖက်နဲ့လက်တဖက်လျှိုချိတ်လို့ရတာနဲ့စွေ့ကနဲ
မှတ်တိုင်ကျော်သလိုအားကစားရုံတို့သဇင်တို့အလွန်ကအင်းယားလေးအာရ်စီတူးနားမိုးရေထဲစီးခဲ့ကြတဲ့နေ့စွဲများ--
ကျောင်းသာပြီးခဲ့ကျောင်းဝင်းတစ်ဝင်းလုံးအနှံ့မရောက်ခဲ့ဖူးလိုက်တဲ့တစ်တန်းကိုသုံးနှစ်နဲ့၁၈နှစ်ကြာရမဲ့အစားနောက်ဆုံးနှစ်များ
အနီးမြို့သားတွေဆိုရေငံရှိတဲ့မသာမယာတဲ့လှိုင်သာယာနဲ့တောသားတွေဆိုမြွေဆိုးပျော်တဲ့ပျူတောလယ်ကွက်ထဲနှစ်တွေပေါင်း
ရင် ဆယ်နှစ်သာသာကြာမြင့်ခဲ့တဲ့ တိုင်ကြီးတွေနဲ့ကျောင်းကြီးကို မိုးတွေသည်းတိုင်း ဆင်းရဲသားပေါက်ကနေ တကိုယ်စာလမ်းလေးအတိုင်းလွယ်အိတ်မိုးပြီးမိုးခိုခဲ့တဲ့အဲဘေလ်ဒင်းဝမ်းအောက်
မိုးဆယ်ခါရွာတခါတော့အမှတ်ရနေတာသေချာသည်
Comments
Post a Comment