#ဘိုဟီးမီးယန်း68

သူများတွေတော့ရွေ့ဖို့ချောင်းနေကြပြီx= 

သားသမီးပညာရေးကအစလူကြီးတွေကျန်းမာရေးအဆုံးလုပ်ငန်းကိုင်ငန်းတွေ

အတွက်စနည်းနာတာတို့ဘာတို့အစပျိုးနေကြပြီ- အသိထဲကအင်ဂျင်နီယာမလုပ်စားတဲ့အကြံပေးမိုတီဗိတ်ကာတစ်ယောက်ဆိုယိုးဒယားမှာတောင်ရုံးခန်းတွေဖွင့်ပြီးကူးလူး

ဆက်ဆံမယ်ဆိုလား- ယိုးဒယားကဗမာနဲ့အစားအသောက်နဲ့ထုံးတမ်းဓလေ့တွေလည်းနီးစပ်သလိုမျက်နှာပေါက်တွေလည်း

အ‌တော်ဆင်ကြပေမဲ့ နိုင်ငံသားကံခြင်းကွဲကြတယ်- သူတို့နိုင်ငံလည်းခဏခဏ ဝုန်းဒိုင်းကျဲပြီးကုလားထိုင်လုကြ ေပမဲ့စီးပွားကျငြိမ်ပါ့။

ဒါနဲ့ခုအင်ဒိုနီးရှားကအမြဲတမ်းပထမရရနေတဲ့ဆီပက်ကာတရောလို့အသံထွက်ဖတ်ရတဲ့ပိုက်ကျော်ခြင်းအားကစားနည်း

ဆိုတာလေ-‌အခုဝုန်းဒိုင်းကျဲနေတဲ့ရွှေဘိုကအလောင်းဘုရားစစ်ထိုးတော့ဗမာအညာစစ်သားတွေနဲ့ယိုးဒယားဆီအမွေပါသွား

တာကွ-ဟိုးဆိုရှယ်လစ်ခေတ်အစက‌ဗမာတစ်ကျပ်ရဖို့ဘတ်လေးငါးကျပ်ပေးပြီးကုန်ကူးသန်းစီးပွားလုပ်ကြရတာ

ငါတို့မော်လမြိုင် ရွှေတောင်ရပ်အပေါ်လမ်းက အထက (၅) ကျောင်းမှာယိုးဒယားဘုရင့်သားတောင်အခြေခံပညာကျောင်းလာသင်ရတာသမိုင်းမှတ်တမ်းရှိပါ့- 

ဒါနဲ့-ရွှေ့နေကြတာကဟုတ်ပါပြီ- ရနောင်းဘက်နေတဲ့သူ‌တစ်ယောက်ဆို ရေ+မီး+အင်တာနက်ဖိုး+စားစရိတ်+နေစရိတ်ဘာညာနဲ့တစ်လဆယ်သိန်းစွန်းမို့တစ်လတစ်လသိန်းနှစ်ဆယ်လောက်မိသားစု

ထဲသုံးလေးယောက်ဝင်ငွေရှိတဲ့အလုပ်ရှိနေမှလေ- နို့မို့- ‌ကလောတို့ ‌တောင်ကြီးတို့ မေမြို့တို့က နေဖို့ထိုင်ဖို့အတော်လှပအေးချမ်း

ပေမဲ့ စောင့်လုပ်စောင့်ကိုင်မရှိရင် ဘေးဘီဘယ်ညာရှုခင်းဘယ်လောက်လှလှ ရင်ထဲမှာတော့သောကရာသီတွေချည်းနေမှာပေါ့-

အလုပ်အကိုင်ဝင်ငွေကောင်းတဲ့မိတ်ဆွေများရွှေ့ပြောင်းအခြေချမှုကိုမုဒိတာပွားပါတယ်လို့-



Comments

Popular posts from this blog

ခေတ်ပျက်ထရန်စဖာနဲ့အာရ်ဒကေ