Posts

Showing posts from 2022

အာပလာဆောင်း

 အာပလာဆို တဲ့ စကားလုံးအသုံးအနှုန်းတခုကိုအလယ်တန်းဘဝလောက်ကမြို့မှာစကြားဖူးတာထင်သည်၊  တစ်စုံတစ်ဉီးကိုကိစ္စတခုခုခိုင်းလိုက်တိုင်းဖြစ်စေ အကြောင်းအရာတစ်ခုခုကိုစိတ်ဝင်တစားအထင်တကြီးနဲ့ စောင့်ကြည့်နားထောင်ပြီးတကယ်တမ်းမြင်ရကြားရမှ ဘာမှအရေးမပါသည်ဖြစ်စေကြုံတွေ့ရက ဒီကောင်ကအပလာပါကွာ - ဒါကြီးက အပလာ အစသဖြင့် ဗန်းစကားဆန်ဆန်သုံးကြလို့ကြားဖူးခဲ့တာဖြစ်သည်။ ဖြစ်မြောက်မှုစွမ်းရည်နည်းပါးခြင်းကို ခေါ်ဝေါ်သုံးကြတာမျိူးလည်းဖြစ်မည်။ ကောင်မလေးတစ်ယောက်မလှသည်ကိုလည်းအပလာပါကွာလို့ပြောဖူးတာကြားဖူးသည်၊ ခုကာလမျိူး ဘာမှဖြစ်ဖြစ်မြောက်မြောက် ထူးမခြားနားကာလမျိူးဖြတ်သန်းနေရသည်ကိုလည်း အပလာကာလလို့ သတ်မှတ်ချင်သည်။ တစ်နေ့တစ်နေ့ပြောင်းနိုနိုး-ဟုတ်နိုးနိး-လာနိုးနိး-ပျော်ရနိုးနိုးနဲ့ ကိန္ဒီရီ ကိန္ဒရာ မောင်နှံချောင်းခြားသွားတဲ့ နှစ်တွေလောက်အထိများဝဌ်ကြွေးကြီးကြီးတွေတစ်မြေတည်းလာစုနေကြသလိုထင်မှတ်နေရပြီ- ငိုသူတွေလည်းထွက်စရာမျက်ရည်ခမ်းနေကြသလိုမျက်ခွံတွေမို့အက်အစ်ထွက်နဲ့ မြင်ရကြားရဖတ်ရနေပြီ- အားးတင်းထားရင်း ကြမ်းကြားလေနဲ့ဘူးခါရေလည်းမအေးနိုင်ကြတော့ပြီ-ဒါမျိူးတွေက အများစုဆီမှာ ရှိနေဖြစ်နေပျက်နေကြတာ --ဒါလည်း အပလာကာလထဲက အပလာဒုက္ခသည်...
Image
#သီတင်းကျွတ်သံစဉ် မရေရာတဲ့အနာဂတ်တွေကိုအိတ်နဲ့အသင့်ပြင်ထုတ်ထားရင်း အာရုံမသာယာတဲ့ပိတ်ရက်ရှည်မှာ ဘုရားဖူးခရီးတွေမထွက်ဖြစ်လည်းအားလုံးဟာ ဂေါတမဗုဒ္ဓကိုတည်နေရာ‌ရွေးပြီး အာရုံသွားပြုနေကြတာပါပဲ++++++ မသေချာခြင်းတွေသာရေရာနေတဲ့မြေထဲ သပ်ရပ်တဲ့အနာဂတ်တွေကိုရင်ဘတ်ထဲသိမ်းထားကြရင်း ညနေကောင်းကင်ထဲမီးရှုးမီးပန်းကျည်ရောင်စုံမစဲ ဖောက်ကနဲ့မြည်သံတွေ မမြင်မကြားရလည်း ရင်ဘတ်ထဲမတော့ ညနေစာမနက်စာတွေအတွက် သောက တွေ ဝုန်းဒိုင်းကျဲသူကကျဲ+++ သူများတကာအိတ်ကပ်ထဲက အသပြာလက်ကျန်တွေကို တတိတိညှို့ယူဖို့ လောဘ တွေ ဝုန်းဒိုင်းကျဲသူတွေကကျဲ++ ခပ်တည်တည်နဲ့ပဲကမ္ဘာမပျက်ကြသလို ညညနေတွေမှာ ယစ်ရည်နဲ့ပခြုပ်ဆိုင်ငယ် ~စိတ်ကြွတေးသံစုံဆလိုက်ရောင်စုံခန်းမထဲကသျှီသျားအငွေ့တွေထဲမောဟ တွေ ဒုံးဒိုင်းကျဲသူတွေကကျဲလို့+++ လူကြီးမိဘတွေကိုကန်တော့ကြနဲ့ အာဝါဟဝိဝါဟပြုဖို့တာစူကြနဲ့ မွေးရပ်ပြန်မိသားစုဆုံကြနဲ့ကလွဲ ကီးချော်‌နေတဲ့သံစဉ်တွေနဲ့ ဒီသီတင်းကျွတ်က အများအားဖြင့်ဆိတ်ငြိမ်တယ်  
Image
 ကျွန်ုပ်နှင့်ကျိူက်ထိုတည  မှတ်မှတ်ရရယခု ပရိုဝမ်း (Pro-1)ဆိုင်နေရာဖြစ်သွားတဲ့ အထက်မောင်ငံလမ်းဆုံနေရာ (ယခင်က အာရ်တီစီကားကြီးဝင်း) မှာ ကညနရုံးရှိစဉ်အခါကတည်းက အချိန်ပိုင်းအကျိူးဆောင်လုပ်ဖူးခဲ့သေးသည်။ အမှတ်၉ကျောင်းတက်စဉ် ၇တန်းလောက်ကတောင်ကြီး'ဘက်ကနေ ပြောင်းလာတဲ့အဲကညနရုံးကလူကြီးရဲ့သားဖြစ်သူထွန်းထွန်းအောင်(အခုတော့ အဆက်အသွယ်မရှိတော့) နဲ့အတန်းထဲခင်ပြီးသူ့ရုံးအိမ်လိုက်လည်ရင်းကျောင်းပိတ်ချိန်တွေမှာအဲကညနဝင်းထဲကဝန်ထမ်းအတော်များများနဲ့ခင်ပြီးလိုင်စင်လာလုပ်သူတွေကိုစာရွက်စာတမ်းကူရေးပေးရင်းနဲ့အင်ဂျင်နီယာဌာနခွဲ(ယာဉ်စစ်ဆေး)မှာခဲခြစ်ဝိုင်းခြစ်ရေးရင်းနဲ့အဲထွန်းထွန်းအောင်တို့တခြားပြည်နယ်ပြော င်းသွားလည်းကိုယ်ကနောက်လူတွေနဲ့ခင်ရင်းလုပ်ရင်းကိုင်ရင်းကျောင်းကြီးပိတ်တိုင်းမုန့်ဖိုးလည်းရသမို့ အမောင်းသင်လိုင်စင်တစ်ခု ကျပ် ၅၀ ပဲပေးရတဲ့ခေတ်ကစပြီးပွဲစားငယ်လုပ်ခဲ့ဖူးသည်ပေါ့-မှတ်မှတ်ရရ ကိုယ်အကျိူးဆောင်လိုင်စင်လုပ်ပေးခဲ့သူများထဲအမည်ရင်း ကျော်မြင့်လွင် ခေါ် အဆိုတော်ထူးအိမ်သင်တို့လည်းပါခဲ့သည်။ ရန်ကုန်မှာ‌ကျောင်းတက်တုန်းမော်လမြိုင်ကိုကြားပိတ်ရက်ခဏအလည်ပြန်ပြီး ရ-ရထားကြီး ပျော် ပျော်စီး ဆိုတဲ့ မှောင်ခိုနောက်ပိုင်းလက်က...

စတိုရီနဲ့ပွတ်တိုက်မိခြင်း

Image
  တနေ့တနေ့ဖုန်းမိုဘိုင်းဒေတာတွေကတောက်လျှောက်အွန်ထားမိအောင်ကိုသတင်းတွေအတင်းတွေမပြတ်ဖြစ်နေရချိန်မို့သွားရင်းလာရင်းတွေ့သမျှဆုံသမျှလူတွေလက်ထဲကတကြည့်ကြည့်အပြားလေးတွေမှာလိုင်းပျောက်တဲ့နေရာတွေကလွဲ-အိပ်ချိန်တွေကလွဲရင်အွန်လိုင်းနေကြတာများသည်။ အဲ-အလုပ်ထဲအလုပ်သမားများထဲမတေ့ာနေ့ခင်းထမင်းစားချိန်မျိူးနဲ့အလုပ်သွား-အလုပ်ပြန်ချိန်များပဲအပြားပွတ်ကြတာသတိထားမိသည်။  မြို့တက်ချိန်မျိူးလမ်းဘေးလဘက်ရည်ဆိုင်ထဲတွေဆိုအရင်ကနေ့စဉ်ထုတ်သတင်းစာရွက်ဂျာနယ်အရွက်လက်ထဲတကားကားအစားအပြားတွေကအစားထိုးနေရာယူလာကြတာနှစ်နဲ့ချီလာပြီလို့ပြောလို့ရသည်။မိတ်ဆွေတွေ့ချိန်မျိူးကလက်ထဲကအပြားကိုခဏနားရင်းပြောဆိုကြတာပဲအရသာပိုရှိနိုင်လို့အမြဲကိုယ့် ဘက်စသတိထားနားရင်းသူတို့ဘာသာပွတ်သပ်နေလည်းသူတို့မျက်နှာကိုမကြည့်ပဲပြောတတ်အောင်လည်းစိတ်ထဲထည့်နေတတ်နေရသည်။  respect တို့ etiquette တို့ထားရှိပေးရသည့်လူ့လောကထုံးတမ်းကို သတိမပြတ်နေတာလည်းအရသာတမျိူးရှိတာကိုး။ လိုရင်းချုုံပြောရရင်ဖုန်းမိုဘိုင်းဒေတာတွေကိုဖွင့်လျက်နဲ့ပဲဘော င်းဘီအိတ်တို့အကျီင်္အိတ်ထောင်တွေထဲထည့်မိပြုမိကြတဲ့သူတွေများလာသည်ကိုဆိုလိုခြင်းပင်။  အွန်လိုင်းသုံးကြရင်းတွေ့တဲ့ပုံစာလှလှလေ...
Image
  ‌ #ဘိုဟီးမီးယန်း68 သူများတွေတော့ရွေ့ဖို့ချောင်းနေကြပြီx=  သားသမီးပညာရေးကအစလူကြီးတွေကျန်းမာရေးအဆုံးလုပ်ငန်းကိုင်ငန်းတွေ အတွက်စနည်းနာတာတို့ဘာတို့အစပျိုးနေကြပြီ- အသိထဲကအင်ဂျင်နီယာမလုပ်စားတဲ့အကြံပေးမိုတီဗိတ်ကာတစ်ယောက်ဆိုယိုးဒယားမှာတောင်ရုံးခန်းတွေဖွင့်ပြီးကူးလူး ဆက်ဆံမယ်ဆိုလား- ယိုးဒယားကဗမာနဲ့အစားအသောက်နဲ့ထုံးတမ်းဓလေ့တွေလည်းနီးစပ်သလိုမျက်နှာပေါက်တွေလည်း အ‌တော်ဆင်ကြပေမဲ့ နိုင်ငံသားကံခြင်းကွဲကြတယ်- သူတို့နိုင်ငံလည်းခဏခဏ ဝုန်းဒိုင်းကျဲပြီးကုလားထိုင်လုကြ ေပမဲ့စီးပွားကျငြိမ်ပါ့။ ဒါနဲ့ခုအင်ဒိုနီးရှားကအမြဲတမ်းပထမရရနေတဲ့ဆီပက်ကာတရောလို့အသံထွက်ဖတ်ရတဲ့ပိုက်ကျော်ခြင်းအားကစားနည်း ဆိုတာလေ-‌အခုဝုန်းဒိုင်းကျဲနေတဲ့ရွှေဘိုကအလောင်းဘုရားစစ်ထိုးတော့ဗမာအညာစစ်သားတွေနဲ့ယိုးဒယားဆီအမွေပါသွား တာကွ-ဟိုးဆိုရှယ်လစ်ခေတ်အစက‌ဗမာတစ်ကျပ်ရဖို့ဘတ်လေးငါးကျပ်ပေးပြီးကုန်ကူးသန်းစီးပွားလုပ်ကြရတာ ငါတို့မော်လမြိုင် ရွှေတောင်ရပ်အပေါ်လမ်းက အထက (၅) ကျောင်းမှာယိုးဒယားဘုရင့်သားတောင်အခြေခံပညာကျောင်းလာသင်ရတာသမိုင်းမှတ်တမ်းရှိပါ့-  ဒါနဲ့-ရွှေ့နေကြတာကဟုတ်ပါပြီ- ရနောင်းဘက်နေတဲ့သူ‌တစ်ယောက်ဆို ရေ+မီး+အင်တာနက်ဖိုး+စားစရိတ်+နေစရိတ...

၁၈

၁၈   စဉ်းစားပြီးပြန်တွေးတိုင်းအတော်တိုင်ပတ်စရာတွေတပုံတပင်ရှိတဲ့ပတ်စရာတိုင်ကြီးတွေ၁၈တိုင်တိတိနဲ့ တစ်တန်းကိုသုံးနှစ်နေလို့ရ‌‌တဲ့ရှေ့ပြေးနိမိတ်တွေနဲ့များထားသွားခဲ့လေသလားလို့ ခုတကမ္ဘာလုံးကျိန်ဆဲနေကြတဲ့ ဆိုဗီယက်ရုရှားတွေဆောက်ပေးခဲ့တဲ့ကျောင်းနေကာလများကိုအောက်မေ့သည် ခုလိုမိုးတွေရွာတိုင်းဆိုအတော်သတိရသည်- ကြာပြီဆိုပေမဲ့အတော်ကြာခဲ့ပြီဆိုပေမဲ့ ဆယ်စုနှစ်သုံးခုနီးပါးရှိတာတောင်မိုးတွေသည်းသည်းမည်းမည်းရွာချိန်မျိူး L1,L2,L3,L4 အခန်းနောက်ဆုံးနားခုံတန်းတွေထဲစိတ်မပါ့တပါနားမလည့်တလည်လိုက်လံမှတ်သားချင်ယောင်ဆောင်ခဲ့ရတဲ့ မိုးသံလေသံတွေနဲ့အဆောက်အဉီးကတံခါးပိတ်ထားရင်လည်းလေဝင်လေထွက်ညံ့သလိုလိုနဲ့မို့တံခါးမကြိီးတွေဖွင့်ပြီး စာသင်သံသဲ့သဲ့ကြားခဲ့ရသော ပျင်းရိဖွယ်ရာနေ့စွဲများ အခန်းနောက်ကျောဘက်တယောက်ယောက်ကပခုံးလာပုတ်ပြီးကန်တင်းဘက်ဆင်းလျှောက်ထိုင်ပွားဖို့နောက်စေ့မျက်လုံးတွေ နဲ့မျှော်တော်ယောင်နေခဲ့တဲ့ရှတတနေ့စွဲတွေ လိုက်ဘရီရှေ့ဖြတ်လျှောက်တိုင်းဌားရက်ပြန်ရောက်တာတလကျော်ခဲ့လို့ရက်လွန်ကြေးပေးဖို့နှမျှောရင်းနောက် မှမော်ကွန်းထိန်းရုံးလက်မှတ်ထိုးပြန်အပ်မဲ့အရသာခံစားခဲ့ရတဲ့ဘေလ်ဒင်းဝမ်းအောက်ပတောက်ပတောက်လျှောက်သွားခဲ့ တဲ့အင်္ဂတေမြ...